Tuesday, December 23, 2014

ငါဟာငါ

ကဗျာလူသား ၎

ငါဟာငါ

ဒဏ်​ရာ​တွေကို ကုတ်​ခြစ်​ပြီး
ငါကိုယ်​ငါ ယဇ်​ပူ​ဇော်​လိုက်​ချင်​တယ်​......။

Rapသီချင်း​တွေ ထွက်​ကျ​နေတဲ့ကတ်​ဆတ်​ကို ငါမုန်းတယ်
ငါရင်​ဘတ်​တစ်​ခြမ်းပုတ်​သိုးသွား​အောင်
မိစ္ဆာတစ်​​ကောင်​လို ​လှောင်​ရယ်​​နေတာမျိုးကို
ငါမုန်းတယ်
ငါနားကိုမှ က​လောချင်​တဲ့ စကားသံ​တွေကို
ငါမုန်းတယ်
အဲဒါ​ကြောင့်​ ငါ​သေ​အောင်​ငို​နေမိတာ​တောင်
ငါနဲ့ မပတ်​သတ်​၊မသက်​ဆိုင်​၊မသိသလို
နေသွားကြဖို့ အခွင့်​အ​ရေးရှိ​နေကြတာ​တောင်
ငါဦး​နှောက်​ကို ဖဲ့စားလည်း
ငါက
ဝေဿန္တာရာမဟုတ်
အာဋ္ဌာဝကမဟုတ်​​တော့
ငါဟာ.......ငါ။

ငါ​ပြောပြီးသား
ငါဟာ......ငါ
မ​ယောင်​ရာ ဆီမလူးသလို
မလိုအပ်​ဘဲ ​ဆေးမထိုးဘူး
ငါဟာ.....ငါ။

အဲဒီဘက်​က
သိပ်​မ​ကျေနပ်​ဘူးဆိုရင်​​တော့
အကြမ်းဖက်​ခွင့်​ ​ပေးပါရဲ့
ဒါ​ပေမယ့်​ ငါဟာ.....ငါ
ဘယ်​​တော့မှ အိုမသွား
ငါဟာ.......ငါ။
Oct15.2013
Minserwai

posted from Bloggeroid

No comments:

Post a Comment

ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်