Saturday, December 6, 2014

တာရာမင်း​ဝေ၏ခံယူချက်​နှင့်​အမြင်​များ၇

မင်းဆက်​​ဝေ
တာရာမင်း​ဝေ၏ခံယူချက်​နှင့်​အမြင်​များ၇

နောက်​ထပ်​ ဆရာတာရာမင်း​ဝေ၏ စာအုပ်​တစ်
အုပ်​ကိုလည်း ထပ်​တင်​ပြချင်​ပါသည်​။ထိုစာအုပ်​မှာ
၂၀၀၅ခုနှစ်​ ဇန်​န၀ါရီတွင်​ ဒုတိယအကြိမ်​ ပြန်
လည်​ပုံနှိပ်​ခဲ့ရ​သော ပြိုင်​မြင်းတို့၏ခွါသံဆို​သော
စာအုပ်​ပင်​ဖြစ်​သည်​။ထိုစာအုပ်​ကို စာဖတ်​သူအ​နေ
ဖြင့်​ဖတ်​ကြည့်​မည်​ဆိုလျှင်​ ​မော်​ဒန်​၏သ​ဘောတ
ရားကိုကြိုတင်​​လေ့လာထားဖို့​တော့လိုသည်​။သို့မှ
သာ ထိုစာအုပ်​မှ​ပေး​သော အနှစ်​သာရကိုထုတ်​ယူ
ခံစားနိုင်​​ပေလိမ့်​မည်​။ထိုစာအုပ်​ထဲမှ စတင်​ကြိုက်
မိ​သော ဆရာတာရာမင်း​ဝေ၏အယူအဆတစ်​ခုမှာ
(ယ​နေ့​ခေတ်​သည်​ အသိပညာ​ခေတ်​၊အတတ်
ပညာ​ခေတ်​တို့ကို လွန်​​မြောက်​ပြီး​သော နည်းပ
ညာ​ခေတ်​ဖြစ်​သည်​။သိပ္ပံကမ္ဘာမှာ ယ​နေ့​ခေတ်​လူ
တို့၏ အသိညဏ်​မှာ ပိုမြင့်​မားလာခဲ့သည်​။အာရုံ
၏အချက်​အလတ်​ (sensory data)​တွေ များပြား
လာသည်​။ထို​ကြောင့်​အနုပညာတစ်​ဦး၏ အနုပ
ညာအာရုံဝင်​စားမူ(Inspiration)သည်​လည်း လျို
ဝှတ်​ဆန်​ပြားလာသည်​။အချို့ကဗျာ၊အချို့ဝထ္ထူများ
သည်​ မျဉ်းသ​ဘော၊အကွတ်​သ​ဘောတို့ကို​ကျော်
လွန်​ကာ ပင့်​ကူအိမ်​သ​ဘောကိုပင်​ ​ဆောင်​သည်​အ
ခါ​ဆောင်​လာ၏။pg.8)ဟူ၍ဖြစ်​သည်​။မှန်​ပါသည်​။
အရာရာသည်​ ​ပြောင်းလဲ​နေသလိုပင်​ စာ​ပေပုံစံ၊
ကဗျာပုံစံများသည်​လည်း ​ခေတ်​ကိုလိုက်​၍​ပြောင်း
လဲလိုလာကြသည်​။ခေတ်​ကြီး​ပြောင်း​နေသလို လူ
တို့၏ သုံးစွဲ​သောပစ္စည်းများမှာလည်း ခွဲထွက်​မူပုံ
စံများ၊အသစ်​အဆန်းများစွာတို့နှင့်​ ဆန်းကြယ်​ရှုပ်
ထွေးလာသည်​။ထိုသို့ ဆန်းကြယ်​လာသည်​နှင့်​အမျှ
အနုပညာဖန်​တီးမူနှင်​ခံစားမူများမှာလည်း ဆန်း
ကြယ်​ရှုပ်​​ထွေးလာ​သည်​ကို တင်​ပြထားခြင်းပင်
ဖြစ်​သည်​။ထပ်​ပြီး ဆရာတာရာမင်း​ဝေက_
(ကျွန်​​တော်​လို ကလန်​ကဆန်​​ကောင်​မျိုးက
တော့ ဒါထက်​မကလည်း​တွေးဖြစ်​ပါတယ်​။ဥပမာ
၆ ဆိုတဲ့ဂဏန်းတစ်​လုံးကို ​တွေ့မိတယ်​ဆိုပါ​တော့
ကျွန်​​တော်​က အဲဒီ ၆ ရဲ့​နောက်​ကွယ်​က အရာ
တွေကိုပါ သိချင်​နားလည်​ချင်​တယ်​။ဒီ ၆ ဟာ
၁၊၂၊၃ ဆိုတဲ့ ဂဏန်း​လေး​တွေက​နေ အား
ကောင်းဖွံ့ဖြိုးပြီးဖြစ်​လာတဲ့ ၆လား၊ဒါမှမဟုတ်​ ၈၊
၉၊၁၀ ဆိုတဲ့ဂဏန်းကြီး​တွေက ယုတ်​​လျော့ကျ
ဆင်းလာတဲ့ ၆လား၊ ဒါမှမဟုတ်​ သူဘာသာအစ
ကတည်းက ၆ သန့်​သန့်​ပဲဖြစ်​လာတဲ့ ၆လား။အဲ
ဒါမျိုး​ပေါ့။pg.20)ဟု​ရေးပြထားသည်​။ ယင်းမှာ
ဆရာတာရာမင်း​ဝေက သူ၏စနစ်​တကျ​တွေး
တောပုံကို ချပြခြင်းဖြစ်​သည်​။အောင်​မြင်​သူအများ
စုသည်​ ယခုကဲ့သို့ပင်​ အရာရာကိုစနစ်​တကျ ​တွေး​ခေါ်တတ်​ကြသူများပင်​ဖြစ်​သည်​။(ဆက်​ရန်​)

posted from Bloggeroid

No comments:

Post a Comment

ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်