မင်းဆက်ဝေ
တာရာမင်းဝေ၏ခံယူချက်နှင့်အမြင်များ၆
နောက်ထပ် ကျွန်တော်သဘောကျမိသည်
ခေါ်င်းစဉ်မှာ ကောင်ကင်သွားတောလား ဟူ၍
ဖြစ်သည်။ထိုအခန်းတွင် ဆရာတာရာမင်းဝေက သူ၏ဒဿနအတွေးများကို စကားပြောခန်းများ
ဖြင့်ဖန်တီးတင်ပြထားသည်။သူ၏တင်ပြပုံတစ်ခု
မှာ_
( လူသားတစ်ယောက်သည် သူ၏အပြစ်မှ
လွတ်မြောက်ရန် ရဟန်းတစ်ပါးထံမှ အကူအညီ
တောင်းခံလေသည်။ထိုအခါ ရဟန်းက
မကယ်နိုင်တာကိုခွင့်လွှတ်ပါ
ဗုဒ္ဓလမ်းစဉ်ကိုနားလည်ပါ
ဗုဒ္ဓဟာကယ်တင်ရှင်မဟုတ်ဘူး
ဗုဒ္ဓဟာ လမ်းညွှန်သင်ကြားသူသာဖြစ်
တယ်။ကိုယ်ကိုကိုယ် ကယ်မှရမယ်ဟု မိန့်တော်မူ
သည်။pg_21)ဟူ၏ ထိုစာစုသည်အတွေးအမြင်
ကြွယ်ဝသလို ဆရာတာရာမင်းဝေ၏ ဘာသာရေး
ခံယူချက်ကိုလည်း တစ်စိတ်တစ်ဒေသဖော်ထုတ်
ပြနိုင်ခဲ့သည်။ဟုတ်ပါသည်။ ကျွန်တော်တို့ ဗုဒ္ဓဘု
ရားသည် အခြားအခြားသော ဘုရားများကဲ့သို့
လူသားတို့အား ဒုက္ခအပေါ်င်းမှ ကယ်တင်ပါမည်
ဟုမိန့်တော်မမူ။သံသ၀ဠ်ဆင်းရဲအပေါ်င်းမှ လွတ်
ငြိမ်းရာ လမ်းစဉ်ကိုပြသတော်မူသည်။ ထိုကြောင့်
အမှန်ကိုနားမလည်သူများမှာ ဘုရားဟူသည် မိမိတို့အား ကယ်တင်ပေးနိုင်သည်ဟုအထင်မှား
နေကြသည်။လူသည်မိမိကိုမိမိကာကွယ်၊မိမိကိုယ်မိမိကယ်တင်၊ယင်းသည်သာအမှန်တရားမည်ပေ
သည်။ထိုအရာကို ဆရာတာရာမင်းဝေက သတိ
ပြုမိအောင် ရေးသားပြခြင်းပင်ဖြစ်သည်။နောက်
ထပ် တွေ့ရပြန်သည်မှာ_
(သူတွင်မျတ်လုံးနှစ်လုံးရှိသည်
နှစ်ခုစလုံးနှင့်ကြည့်သည်
သို့သော် ဘာမှမမြင်သူဖြစ်သည်။
ဥစ္စာဓန၏ ညှို့ငင်မူ၊ရုပ်ဝထ္ထူတို့၏အိပ်မွေ့ချမူ
ကို ခံထားရသောသူဖြစ်သည်။ထိုသူက ရဟန်းကို
အိမ်မက်ကောင်းများပေးပါ ဟုတောင်း၏
ရဟန်းက
ကောင်းသောစိတ်နဲ့သာ အိပ်ရာဝင်ပါဒကာ
အိမ်မက်တင်မဟုတ်၊နံနက်ခင်းပါလှလာလိမ့်
မယ်ဟုမိန့်သည်။pg.22)ဟုရေးသားထားသည်။
ထိုစာသားသည် အလွန်မှအဓိပ္ပါယ်ရှိလွန်းပါသည်။
ထိုစာသားကို ကျွန်တော်အမြင်ဖြင့်ပြန်လည်တင်ပြ
ရမည်ဆိုလျှင် လူတို့သည်နေ့စဉ်နှင့်အမျှ လောဘ၊
ဒေါသ၊မောဟတို့ကို တွေ့ကြုံခံစားရသည်။ထိုခံစား
နေရသော လူသားတို့အား သဘာဝလောကကြီးမှ
သဘာဝတရားနှင့်ဖြစ်ပျတ်ဓမ္မတာများ၊သခါ´ရနှင့်
အနိစ္စများကိုမြင်နိုင်ရန် မျတ်လုံးဆိုသောအရာကို
ပေးထားပါ၏သို့သော် ယင်းတို့သည် ညဏ်ဖြင့်
ကြည့်မှသာမြင်နိုင်သောအရာဖြစ်၏ ထိုညဏ်
သည် လောဘ၊ဒေါသ၊မောဟများကြောင့်ပင် ဖုံး
ကွယ်နေရကောင်းစွာအိပ်စက်ခြင်းဟူသည်တို့မှာ အရာရာတွင် အကောင်းမြင်စိတ်အားနည်း
ကုန်ကြလေရာ ကောင်းစွာအိပ်စက်ခြင်းဟူသည်
မရှိကြတော့ချေ။ထိုကြောင့်ဆရာတာရာမင်းဝေက
ကောင်းသောစိတ်နဲ့သာ အိပ်ယာဝင်ပါ နံနက်ခင်း
ပါကောင်းလာလိမ့်မည်ဟု ဆိုလိုက်ခြင်းပင်ဖြစ်
သည်။

posted from Bloggeroid
No comments:
Post a Comment
ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်