Monday, December 8, 2014

တာရာမင်း​ဝေ၏ခံယူချက်​နှင့်​အမြင်​များ၈

မင်းဆက်​​ဝေ
တာရာမင်း​ဝေ၏ခံယူချက်​နှင့်​အမြင်​များ8
ထပ်​၍ ဆရာတာရာမင်း​ဝေက_
(ကဗျာဆရာတို့၏ ကာရန်​ဗဟိုပြုဝါဒသည်
အလွန်​ပင်​အား​ကောင်းပြင်းထန်​ခဲ့၏ ကာရန်​ပါလျှင်
ကဗျာ၊ ကာရံမပါလျှင်​ စကား​ပြေဟု ခွဲခြားကြ၏ ထို
ခွဲခြားချက်​တွင်​ ကဗျာကို ကာရံက ကိုယ်​စားပြု​နေ
ကြောင်း ထင်​ထင်​ရှားရှား​တွေ့ရ​လေပြီ။ကဗျာသစ်
တွေထွင်​ကြ၏ ကဗျာသစ်​ဟု​ပြောကြ၏ သို့​သော်
ကာရံသစ်​သာဖြစ်​ခဲ့သည်​။ကဗျာဆရာကိုယ်​တိုင်
ပင်​လျှင်​ ကဗျာနှင့်​ကာရံကို ထပ်​လျှက်​ကျ​နေသ
ယောင်​ လုံး​ထွေးမြင်​​ယောင်​ခဲ့သည်​။ကာ၇ံတစ်​ခုရို
အီလာလျှင်​ ကာရံပုံစံ​နောက်​တစ်​ခုကိုတီထွင်​ကြ
သည်​။ကဗျာပ​ဒေသာကျမ်းကြီးမှာလည်း မာတိကာ
တိုး၍ စာမျတ်​နှာထူလာသည်​။ထိုသို့ ဖြင့်​ ကဗျာ
သည်​ ကာရံဟူ​သော အရာတစ်​ခု၏ ပုံစံမျိုးစုံနှင့်
လှည့်​ပတ်​တုတ်​​နှောင်​မူကို မရူမလှခံလာရပါ​တော့
သည်​။ထိုသည်​ကိုသတိပြုမိ​သော ကဗျာဆရာအ
ချို့က ​တွေး​ခေါ်ဆင်​ခြင်​လာကြသည်​။ကဗျာဆို
သည်​မှာအဘယ်​နည်း။ထိုပြင်​ကာရံဆိုသည်​မှာအ
ဘယ်​နည်း။pg.102)ဟူ၍​ရေးသားထားသည်​။
ဆရာတာရာမင်း​ဝေသည်​ ကိုယ်​တိုင်​ကဗျာဆ
ရာဖြစ်​ခဲ့သူပီပီ ​ခေတ်​သစ်​ကဗျာအ​ပေါ် ကာရံ၏
ခြယ်​လှယ်​မူများကို တွန်းလှန်​​နေ​သော ​မော်​ဒန်​စာ
ရေးဆရာတစ်​​ယောက်​ပင်​ဖြစ်​သည်​။မြန်​မာနိုင်​ငံ
တွင်​ ​မော်​ဒန်​ကဗျာများ ​ပေါ်​ပေါ်က်​လာ​သောအခါ
ရှေးရိုးစွဲကဗျာပုံစံနှင့်​ များစွာကွဲလွဲ​သော​ကြောင့်​ က
ဗျာဆရာများကြား ခံယူချက်​တိုက်​ပွဲများဖြစ်​ခဲ့ကြရ
သည်​။တချို့ကဗျာဆရာများက ကာရံပါမှကဗျာ၊တ
ချို့ကဗျာဆရာများက ကာရံရှိမှကဗျာမဟုတ်​၊စသ
ကဲ့သို့ ခံယူမူအမျိုးမျိုးဖြင့်​ ကဗျာ​တော်​လှန်​​ရေးကြီး
ဆင်​နွဲကြကုန်​သည်​။ထိုအထဲတွင်​ ဆရာတာရာမင်း
ဝေက ကာရံမရှိလည်းကဗျာဖြစ်​သည်​ဟူ​သော ​မော်​ဒန်​ကဗျာဆရာများဘက်​မှ ရဲရဲဝံ၀ံတိုက်​ပွဲဝင်​ခဲ့
သူပင်​ဖြစ်​​သည်​။နောက်​ထပ်​ ဆရာတာရာမင်း​ဝေ
က
(လူ့ယဉ်​​ကျေးမူမြင့်​မားပြီး ​ခေတ်​စနစ်​တို့ တိုး
တတ်​လာသည်​နှင့်​အမျှ အနုပညာတည်​ဖွဲ့မူသည်
လည်း သိမ်​​မွေ့နတ်​နဲလာကြသည်​။ ကဗျာ၏အဓိ
ပ္ပါယ်​ကိုရှာရင်းဖြင့်​ ကဗျာဆရာမျိုးဆတ်​သစ်​​တွေ
လည်း ထက်​မြတ်​ရင့်​ကျတ်​လာကြသည်​။ လူငယ်​ပီ
ပီဆန်းစစ်​​ဝေဖန်​ကြ၏ ကာရံသည်​ ကဗျာ၏အစစ်
အမှန်​တရား(Reality) မဟုတ်​သည်​ကို သူတို့ရှာ
တွေ့ကြ၏ ကဗျာ၏အ​ပေါ်ယံပုံစံမှာသာ တည်
ကြောင်းသိလာသည်​။ကဗျာက ချမှတ်​​ပေး​သော
ခွင်​(Frame)အတွင်းသို့ စကားလုံးများ အကန့်​အ
သတ်​ဖြင့်​​ပေးသွင်း​နေရခြင်းမှာလည်း ခါးသီးစိတ်
ပျတ်​ဖွယ်​ရာဖြစ်​လာ၏ စာလုံးအ​နေအထား၊အသံ
အ​နေအထားမှာ ထိုသို့ဖြစ်​ရမည်​ဟူ​သော ကာရံ၏
စီးမိုးခြယ်​လှယ်​မူကို သူတို့မနှစ်​မြို့ကြ၊ပြဋ္ဌာန်းခံဝါဒ
၊တရား​သေ၀ါဒများကို လူငယ်​​တွေအ​နေနှင့်​ မမုန်း
သည့်​တိုင်​​အောင်​ မချစ်​သည်​က​တော့ ​သေချာခဲ့်
သည်​။Pg.103)​ဟုရေးသားပြန်​သည်​။ယင်းမှာ ယ​နေ့
ခေတ်​ကဗျာဆရာများဘက်​မှာ ဆရာတာရာမင်း​ဝေ
က​ရှေ့​နေလိုက်​​ပေးလိုက်​ခြင်းပင်​ဖြစ်​သည်​။ယ​နေ့
ခေတ်​​မော်​ဒန်​ကဗျာဆရာများသည်​ ကာရန်​ကိုပစ်
ပယ်​လိုက်​ခြင်းမဟုတ်​​သော်​လည်း ကဗျာတိုင်းတွင်
ကာရံကို သုံးသင့်​​သောအခါမှ သုံးကြ​သည်​။မော်​ဒန်
ကဗျာဆရာများအတွတ်​က ကာရံသည်​ အ​ရေး
မကြီး​ဟု ဆိုလီုက်​ခြင်းပင်​ဖြစ်​သည်​။(ဆတ်​ရန်​)

posted from Bloggeroid

No comments:

Post a Comment

ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်