မင်းဆက်ဝေ
တာရာမင်းဝေ၏ခံယူချက်နှင့်အမြင်များ9
ထိုနောက် ဆရာတာရာမင်းဝေက_
(လူမှန်လျှင် ယုံကြည်ချက်တစ်ခုတော့ရှိရမည် ဟူသော လောကကြီးထဲမှာ အနုပညာသမားတို့၏ ယုံကြည်ချက်က ပိုမိုလေးနတ်ပြင်းထန်လိမ့်မည်
ဟုထင်ပါသည်။ကိုယ်ယုံကြည်ရာအတွတ် ကိုယ်
ဘ၀ကိုပုံအောဆောင်ရွတ်နေရသဖြင့် သူတစ်ပါး
၏ယုံကြည်ချက်ကို မလိုမုန်းထားဖြစ်မိရန် အချိန်
ပင်မရှိပါ။ယုံကြည်ချက်မတူ၍လည်း ၀မ်းနည်းစရာ
မလိုဟုနားလည်ထားပါသည်။ပန်းစိုက်သမားချင်း
ကိုယ်အပင်မှာပွင့်သောပန်းနှင့် သူအပင်မှာပွင့်
သောပန်းဟုသာသဘောထားလိုပါသည်။pg.110)ဟု
ရေးထားပြန်ရာ ဆရာတာဝန်၏ နားလည်မူထား
တတ်ပုံကို မြင်တွေ့ရသည်။ကိုယ်နှင့်အမြင်မတူ
တိုင်း ရန်သူဟု သတ်မှတ်စရာမလိုကြောင်း ထုတ်
ဖော်ထားသည်မှာလေးစားဖွယ်ရာဖြစ်သည်။ဆရာ
တာရာမင်းဝေ၏ယခုစာအုပ်တွင် ကျွန်တော်ကြိုက်
သော ခံယူချက်များစွာ ကျန်ရှိနေသေးသော်လည်း
နောက်ထပ် တင်ပြလိုသောစာအုပ်က ရှိနေသေး
သောကြောင့် ယခုလောက်နှင့်ပင် ရပ်လိုက်ပါ
သည်။
နောက်ထပ် ကျွန်တော်ထပ်၍တင်ပြချင်သော
ဆရာတာရာမင်းဝေ၏ စာအုပ်မှာ ခေတ်နေအ
တွတ်စာတစ်ရွတ်ဟုအမည်ရသောစာအုပ်ဖြစ်
သည်။ထိုစာအုပ်သည် ဆရာတာရာမင်းဝေက သူ
၏သားခေတ်နေအတွတ် ရည်ရွယ်ရေးထားခဲ့သော
စာအုပ်ဖြစ်သည်။ထိုစာအုပ်ကို ၂၀၀၅ အောက်တို
ဘာတွင်ထုတ်ဝေခဲ့ပြီး စာအုပ်၏အစတွင် ဆရာ
တာရာမင်းဝေက_
(အခု ဒီစာအုပ်ဟာ သားကိုရည်ရွယ်ပြီး ဖေဖေရေးခဲ့တယ်။ သားကိုမွေးကတည်းက ဘာအမွေပေးရမလဲလို့ ဖေဖေ စဉ်းစားခဲ့တယ်။
ခတ်တာက ဖေဖေဟာ စီးဟွးရေးသမားတစ်
ယောက်မဟုတ်ဘဲ စာရေးဆရာတစ်ယောက်ဖြစ်
နေတယ်။အသိပညာအမွေကိုပဲ ပေးနိုင်တယ်။pg.6)
ဟု ရေးသားထားခဲ့သည်။ဆရာတာရာမင်းဝေ၏ ထို
အမှာစာကိုကြည့်ခြင်းအားဖြင့် ဖခင်ကောင်းပီသ
သောစိတ်ဓာတ်နှင့် အနုပညာရူးသွပ်မူကို အတိုင်း
သားတွေ့မြင်ရပေသည်။(ဆတ်ရန်)

posted from Bloggeroid
No comments:
Post a Comment
ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်