Sunday, December 21, 2014

မင်းဆက်​​ဝေ တာရာမင်း​ဝေ၏ခံယူချက်​နှင့်​အမြင်​များ၁၀ ဆတ်​လတ်​ပြီးဆရာတာရာမင်း​ဝေက (​လောကမှာ လူ​တွေများ​ပေမယ့်​ မိတ်​​ဆွေနည်းတယ်​။ မိတ်​​ဆွေလို့ ထင်​​နေသူ​တွေကိုယ့်​အနားမှာ ၀ိုင်း​နေတတ်​​ပေမယ့်​ အ​ခြေအ​နေ​လေးတစ်​ချက်​တိမ်း​စောင်းသွားတာနဲ့ ကိုယ်​​ဘေးမှာ ဘယ်​သူမှမရှိ ​တော့မှာကို သား​တွေ့ကြုံရဦးမှာပဲ။ဖေ​ဖေအတွတ်​​တော့အဲဒါမျိုး​တွေများလှပါပြီကွယ်​။နာမည်​ကို ​ပေါ်င်းတဲ့မိတ်​​ဆွေ ၊လိုအပ်​ချက်​တစ်​ခုအတွတ်​ ကြိုးရှည်​ရှည်​လှန်​ပြီး လာ​ပေါ်င်းတဲ့မိတ်​​ဆွေ​တွေ ​ဖေ​ဖေဘ၀မှာ မွစာကြဲလို့​ပေါ့။အဲဒါ​တွေထဲမှာမှ တစ်​နပ်​ စားညဏ်​ကိုသုံးတဲ့မိတ်​​ဆွေလည်းရှိတယ်​။pg.22)ဟုသူ၏သားကို သူ့အ​တွေ့အကြုံနှင့်​ယှဉ်​ပြီး ဆုံးမထား သည်​မှာ ​လေးစားအားကျဖွယ်​ဖြစ်​သည်​။သူဘ၀တွင်​ လူ​ပေါ်င်းစုံနှင့်​ဆက်​ဆံခဲ့ရပြီဖြစ်​​သော​ကြောင့်​ လူတို့၏အ​ကြောင်းကို ​ကောင်း​ကောင်း​ကျေညတ်​ခဲ့​လေရာ သူ့သား၏ဘ၀ခရီးတွင်​ လူ​ပေါ်င်းမမမှား ရ​အောင်​ ထပ်​မံဆိုဆုံးမထားသည်​က_ (​လောကမှာ လူ​တွေကို သူ့အတိုင်းအတာနဲ့သူဆက်​ဆံရတယ်​။အသီး​ပေးသင့်​သူကို အသီး​ပေးပြီး အပွင့်​​ပေးသင့်​သူကို အပွင့်​​ပေးရတယ်​ ။ တချို့ကရနံ​ပေးရုံ​လောက်​နဲ့ ရပါရဲ့။တချို့ကိုကျ​တော့ အရိပ်​ ပါ​ပေးရပြန်​​ရော။ လိုက်​​လျောညီ​ထွေတဲ့ အ​ပေးအယူနဲ့ဆက်​ဆံရတယ်​။အဲဒီအတွတ်​ တစ်​ဖတ်​လူရဲ့ အကန့်​အသတ်​ကို​တော့ အကဲခတ်​တတ်​ဖို့လိုတယ်​။pg.35)ဟုဖြစ်​သည်​။ဆရာတာရာမင်း​ဝေ သည်​ သူ၏သားကို ဆရာလိုတစ်​မျိုး၊မိဘလိုတစ်သွယ်​၊သူငယ်​ချင်းလိုတစ်​ဖုံဖြင့်​ ​လောက၏အဆိုး အ​ကောင်းနှင့်​ အကျိုးအ​ကြောင်းတို့ကို နားလည်​လွယ်​​အောင်​ ရှင်းပြနိုင်​ခဲ့​ပေသည်​။ထပ်​ပြီးသူက လူ​တွေအ​ကြောင်း ထပ်​မံ​ပြောပြပြန်​သည်​မှာ_ (သားကိုတစ်​ခု​ပြောရဦးမယ်​။မိန်းမ​တွေကိုသတိထားကွ။ဖေ​ဖေ​ပြောတဲ့ ဒီစကားဟာ မိန်းမ​ ​တွေကိုနှိမ့်​ချပြီး​ပြောတာမဟုတ်​ဘူး။ဒါ​ပေမယ့်​အားနွဲ့တတ်​တဲ့ မိန်းမသဘာဝအရ သူ့နည်းသူ့ဟန်​ ရုန်း ကန်​မူ​တွေဟာ ​ဘေးပတ်​၀န်းကျင်​ကိုအ​နှောင့်​အယှတ်​ဖြစ်​​စေတတ်​တယ်​။အထူးသဖြင့်​ ​ယောကျာ်း သား​တွေကို ​ခေါ်င်းခဲ​စေတဲ့ ကိစ္စတစ်​ရပ်​ကို ​ယောကျာ်းတစ်​​ယောက်​မြင်​ပုံနဲ့ မိန်းမတစ်​​ယောက်​မြင်​ပုံ မတူဘဲ ကွဲပြားတတ်​တယ်​။ယောကျာ်း​တွေနဲ့အပြိုင်​တည်​ငြိမ်​ရင့်​ကျတ်​တဲ့မိန်းမ​တွေ၊​ယောကျာ်းထက်​ပို ပြီးသ​ဘောထားကြီးနိုင်​တဲ့မိန်းမ​တွေလည်း ရှိပါတယ်​။ဒါ​ပေမယ့်​ ထမင်းအိုးကြီး ၇ အိုး​လောက်​ သိုး ​အောင်​ မင်းရှာရလိမ့်​မယ်​။ဘယ်​လိုပဲ ဖြစ်​ဖြစ်​​လေလူပိန်းဆန်​တဲ့ မိန်းမ​တွေက​တော့ ပိုများတယ်​။)ဟူ ၍ဖြစ်​သည်​။ ဆရာတာရာမင်း​ဝေသည်​ သူ့၏သားကို လူ​လောကသဘာဝအ​ကြောင်း ပြည့်​ပြည့်​စုံစုံ သင်​ ကြားပြသ​ပေးရာတွင်​ ဆန့်​ကျင်​ဘတ်​လိင်​ဖြစ်​​သော မိန်းမတို့်၏ သ​ဘောသဘာဝကိုပါ ထည့်​ သွင်းဆုံးမခဲ့ခြင်းဖြစ်​သည်​။ယခု ဆရာတာရာမင်း​ဝေ၏ အ​တွေးအ​ခေါ်. အယူအဆ အမြင်​တို့မှာ စာဖတ်​သူရင်​ကို ထိမှန်​​စေ​သော မျှားချက်​များပင်​ဖြစ်​​ပေလိမ့်​မည်​။သူသည်​ ကွယ်​လွန်​သွားခဲ့သည်​မှာ မှန်​​သောလည်း သူ၏နာမည်​ ​နောင်​စာ​ပေ​လော ကသားများအ​ပေါ် ထာဝရစိုးမိုးသွားမည်​မှာ ​သေချာသည်​။ထိုစာ​ပေ​လောကသားများကလည်း သူ့အား တ​လေးတစားနှင့်​အမြဲ ထာဝရ​မေ့နိုင်​မည်​မဟုတ်​သည်​မှာသေချာလွန်းလှ​ပေသည်​။ ဆရာတာရာမင်း​ဝေအားအစဉ်​​လေးစားလျှက် မင်းဆက်​​ဝေ June.28.2013 11:05pm

No comments:

Post a Comment

ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်