Saturday, December 13, 2014

ကျွန်​​တော်​ကြိုက်​ခဲ့​သောကဗျာ၂ပုဒ်​၂

မင်းဆက်​​ဝေ
ကျွန်​​တော်​ကြိုက်​မိ​သောကဗျာ၂ပုဒ်​ ၂

ကျွန်​​တော်​ ကြိုက်​ခဲ့​သော ဒုတိယကဗျာတစ်
ပုဒ်​မှာ ကဗျာဆရာငြိမ်း​မောင်​၏ အမည်​မသိဖြတ်
လျှောတ်​သူ ဖြစ်​သည်​။ထိုကဗျာမှာ ​အောက်​ပါအ
တိုင်းဖြစ်​သည်​။
အမည်​မသိဖြတ်​​လျှောတ်​သူ
ရုပ်​ရှင်​ကားကြီးဆိုလည်းအ​ကောင်းသား
မကြိုက်​ရင်​ ရုံထဲမ၀င်​ဘဲ
တခြားတစ်​​နေရာမှာ
အချိန်းသွားဖြုန်းလို့ရ​သေးတယ်
အားကစားပွဲဆိုရင်​လည်း အသည်း​တွေ​ပေါ်က်​မတတ်
အောက်ကေ​န ​အော်​ဟစ်​အား​ပေးလိုက်​ချင်​တယ်
ဝါသနာမပါရင်​လည်း တစ်​ခြားတစ်​​နေရာရာ​ပေါ့
ခု​တော့
ဟောလီဝုဒ်​လို ​လောကီရုပ်​ရှင်​မြို့​တော်​ကြီမှာ
လူအဖြစ်​ ​မွေးဖွားလာ​လေ​ရော့သလား
တစ်​ကြိမ်​မှ ဇတ်​မတိုက်​ဘဲ 
နေ့တိုင်းဇတ်​၀င်​ခန်း​တွေရိုက်​​နေ
ဇတ်​ညွှန်းလည်းကြိုတင်​ဖတ်​ခွင့်​မရ​တော့
ကြုံသလိုပဲဖြတ်​​လျှောတ်​ရ
ဒိုင်​ယာ​လော့​တွေလည်း
ပါးစပ်​ထဲ​တွေ့ ရာ​လျှောတ်​​ပြောခဲ့ကြ
ကိုယ်​ဘာသာစိတ်​တိုင်းမကျ​ပေမယ့်
အခွင့်​အေ၇းလည်း ​နောက်​တစ်​ကြိမ်
ဘယ်​​တော့မှထပ်​မရ
ဇတ်​မကြိုက်​ဘူး ငြင်းဆန်​ခွင့်​မရ ပြင်​ဆင်​ခွင့်​မရ
ကိုယ်​စွမ်းညဏ်​စွမ်း
ရှိသမျှ​လေးနဲ့​တော့ ကြိုးစား​နေဆဲပါ
အော်​စကာဆုနဲ့​တော့ အခါခါလွဲ​နေဆဲ
မျော်​လည်းမ​မျော်​မှန်းခဲ့ပါဘူး
ရစရာလည်းအ​ကြောင်းမရှိ
စာတန်းထိုးတဲ့အခါ ဖတ်​ကြည့်​လိုက်​ပါ
ငါဟာ အမည်​မသိဖြတ်​​လျှောတ်​သူ။
(ငြိမ်း​မောင်​)
ကဗျာဟာ စကားလုံး​တွေနဲ့ လတ်​ဆတ်​​နေ
သည်​။ ကျွန်​​တော်​စိတ်​ကြိုက်​ စကားလုံးအထူးပြု
လုပ်​ချက်​တစ်​ခုကိုပြရမည်​ဆိုလျှင်​​တော့ အားက
စားပွဲဆိုလည်း အသည်း​တွေ​ပေါ်က်​မတတ်​ ​အော်
ဟစ်​အား​ပေးလိုက်​ချင်​တယ်​ ကိုပြပါမည်​။ထိုစာ
ကြောင်းက ကဗျာဆရာသည်​ သူ့ဘ၀ကိုအနိုင်​​ပေး
ချင်​​နေသည်​ကို​ဖော်​ပြ​နေသည်​။ယင်းကဗျာသည်
လူ့ဘ၀ကို ရုပ်​ရှင်​တစ်​ကားနှင့်​ဥပမာနိုင်းပြသည်​။
ထိုရုပ်​ရှင်​ကားထဲမှ သရုပ်​​ဆောင်​သည်​ ဘာအခွင့်
အ​ရေးမှမရ။ရရှိခဲ့​သော အခွင့်​အ​ရေးကိုလည်း
ကောင်းစွာအသုံးချခွင့်​မရှိ။ထို​ကြောင့်​ ထိုသရုပ်
ဆောင်​မှာ ထိုရုပ်​ရှင်​ကားတွင်​ အေ၇းမပါအရာမ
ရောက်​​သော သူဖြစ်​​နေရ၏ ထိုသရုပ်​​ဆောင်​မှာ မည်​သို့​သောသရုပ်​​ဆောင်​ပါနည်း။ကဗျာဆရာက
ပြောပြသည်​မှာ စာတန်းထိုးတဲ့အခါ ဖတ်​ကြည့်
လိုက်​ပါ ငါဟာ အမည်​မသိဖြတ်​​လျှောတ်​သူဟူ​ပေ
၏။ ထိုစာ​ကြောင်းအတိုင်း လူ့ဘ၀နှင့်​ပြန်​ယှဉ်​ထိုး
ကြည့်​လျှင်​ ကဗျာဆရာက သူဟာ ဘာမှအသုံးမ
ဝင်​သူဖြစ်​တာ​ကြောင့်​ ဘယ်​သူမှအ​ရေးတယူမ
လုပ်​ဘူးလို့ ဆိုလိုချင်​ခဲ့ပုံရသည်​။နောက်​ဆုံးဆိုရ
လျှင်​ ထိုကဗျာ၏အဓိပ္ပါယ်​သည်​ မည်​သို့ပင်​ဖြစ်​ဖြစ်
ကဗျာဖတ်​သူကို ရသ​ပေးနိုင်​စွမ်းရှိ​သော​ကြောင့်
ကျွန်​​တော်​ကြိုက်​နှစ်​သက်​ရခြင်းပင်​ ဖြစ်​သည်​။
5:00pm
June 19,2013
Minsetwai

posted from Bloggeroid

No comments:

Post a Comment

ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်