Wednesday, January 7, 2015

အက်ဆေး ၉ အာ၇ုံ တချို့ အ၇ာများတွင် မသိနားမလည်သလို ဟန်ဆောင်နေလိုက်ခြင်းကပိုစိတ်အေး ချမ်း၇သည်။လိုအပ် ချက်ကိုနားလည်သူများအဖို့  လမ်းမလွှဲကြသော်လည်း အ မှန်တ၇ားရှာဖွေ၇ာတွင်မူ မတွေ့ မမြင်နိုင်ဘဲလည်း ဖြစ် တတ်ပြန်သည်။ထိုအတူအမှန်တရားနှင့်လည်းသွေဖီလာတတ် သည်။အနှောင်အဖွဲ့များကြားတွင် အမှန်တ၇ားသည်မရှိ။လွန် ကဲသောအာသာရမ္မက်တို့ မှာလည်း ပြေပျောက်ခြင်းတစ်နေ့ ဟူသည်မရှိ။မမျှော်လင့်ဘဲ ကဲ့၇ဲ့ခံရသောနေ့၇က်တို့ နှင့်တကွ လူသားသည် မကြာမီချီုးကျုးခံရမည့်နေ့ကို မျှော်လင့်ထားနိုင် သည်။သို့ သော် ကံကောင်းခြင်းဟူသည် ပယ်နယ်တီကန်ရခြင်းမျိုးဖြစ်သောကြောင့် ၀င်အောင်ကန်တတ်ဖို့ တော့လို သည်။ လူတစ်ဦးသည် အမှန်တ၇ားကိုကျောခိုင်းမွေးဖွား လာသောလည်း မှန်သောသစ္စာစကားကိုဆိုခြင်းဖြင့်မှန်ကန်စွာသေ ၇မည်။လူတစ်ယောက်နှင့်တစ်ယောက် ယခုချစ် ယခုမုန်း ရင် နာမဆုံးသောဖြစ်၇ပ်များသည် တစ်ခါမဟုတ် နှစ်ခါမဟုတ် အထပ်ထပ်ပြန်ကြော့နေသော တေးတစ်ပုဒ်ကဲ့သို့ ဖြစ်၏ ။သီဆိုသူများ မောဟိုက်လာကြသည်။ထိုနောက် သကာရည် များသောက်ကာပြန်အသက်ဝင်သည်။ပြီးလျှင် ပြန်သီဆို ၊ပြန် မောပန်းနှင့် စက်ဝိုင်းကြီးပေါ်လမ်းလျှောတ်ကာ အိပ်ယာဝင် သွားကြသည်။ အမှန်မှာ မနေ့ကနှင့်ဒီနေ့ကို သိခြင်းနှင့်ပိုင်းခြားထားပြီး ယနေ့နှင့်မနက်ဖြန်ကို မသိခြင်းနှင့် ပိုင်းခြားထားခြင်း မှာ လူသား၏တန်ဖိုးအတိုးအယုတ်ပင်ဖြစ်သည်။ထိုတန်ဖိုးအယုတ်အမြတ်ကို ကျင့်ဝတ်များကအမှတ်ပေးေ၇ွးချယ်ကြပြီးသ မိုင်းပေါ်တင်ပေးချေသည်။ထိုနေရာနှင့် မမွန်မြတ်ပါ မထိုက် တန်ပါ ဟုခံယူထားသူများ အသေအချာထိတ်ဆုံးရောက်ရှိသွားပြီး ကိုယ့်ကိုကိုယ်ေ၇ွးချယ်ထားသူများ တွင်းဝမှပင်မတတ်နိုင်ပါ။လာလမ်းဆုံးသူများအဖို့ လှေကားပျတ်တစ်စင်း နှင့်ပျတ်လုနီးကြိုး တစ်ချောင်းတော့ လက်ဆောင်၇၇ှိကြပေလိမ့် မည်။အိမ်မက်မက်သူများအဖို့  ကယောင်ချောက်ခြား နှင့်ထ လာကြကာ စိတ်ဝင်စားစရာကောင်းသောအခန်းမှ ၀င်ရောက် ကပြကြပြီး အိပ်ချင်မူး တူးဖြင့်ပြန်အိပ်ယာဝင်သွားကြ၏သို့ သော် ကနေသူများကနေကြဆဲဖြစ်သလုကြည့်နေသူများမှာ လည်းကြည့်ကောင်းနေဆဲပင်ဖြစ်သည်။ယခုအက်ဆေးကိုဖတ်ပြီးနောက် လူတစ်ယောက်သည် အူကြောင်ကြောင်ဖြစ်ကာ ဆေးရုံရောက်သွားရသည်။ဆေးရုံက သူကိုကုသရခက်သော သူတစ်ယောက်ဟုသတ်မှတ်ကာ ဆေးရုံတွင် တသီးတသန့် နှင့်ဂရုစိုက်ထားပေးသည်ဟူ၏ 9:15pm Aug 2.2013 Minsetwai

No comments:

Post a Comment

ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်