Tuesday, January 13, 2015
ကဗျာလူသား ၇
ကဗျာလူသား
ငါ့ရင်ဘတ်ကိုလာတူးဖော်ကြည့်လိုက်ပါ
အဲဒီမှာ အတိတ်
အဲဒီမှာ ခံစားမူ
အဲဒီမှာ ပေးဆပ်မူတွေနဲ့.........
အဲဒီကနေပဲ
ကဗျာတွေမွေးဖွားခဲ့တာပါ။
ငါ့ဦးနှောက် ငါ့အသွေးအသားဟာ
ကဗျာတွေ သံဝါသ ပြုရာ
ငါ့ဘဝ ငါ့အသက် ငါ့လက်နှစ်ဖတ်က
ကဗျာတွေရဲ့ ဥဒါန်းကျူးရာ
ငါ့မျတ်လုံး ငါ့နား ငါ့နှာခေါ်င်းက
ကဗျာတွေရဲ့ကဗ္ဗလာ
ငါ့ဝိညဉ် ငါ့ခန္ဓာဆိုတာက
ကဗျာတွေရဲ့နားခိုမှေးစက်ရာ..........။
ကဗျာတွေနဲ့ ငါအိပ်စက်ခဲ့တယ်
ကဗျာတွေနဲ့ ငါရဲ့ရင့်ခဲ့တယ်
ကဗျာတွေနဲ့ ငါတိုက်ပွဲဝင်ခဲ့တယ်
ကဗျာတွေနဲ့ ငါရှုံးနိမ့်ခဲ့ရတယ်
ကဗျာတွေနဲ့ ငါပေးဆပ်ခဲ့ရတယ်
ကဗျာတွေနဲ့
ကဗျာတွေနဲ့
ငါလေ
တစ်ဘ၀စာ.ပါပဲ.......။
ငါ့သေဆုံးရင် ငါ့ကဗျာတွေသေဆုံးကုန်မလား
ကဗျာတွေမသေဆုံးအောင်
ငါအသက်ရှည်နေနိုင်မလား.......။
ငါဆာလောင်နေတာက ကဗျာ.....
ငါမြင်ယောင်နေတာက ကဗျာ......။
ကဗျာတွေက ထာဝရ
ငါကိုအသက်သွင်းလို့
ငါကိုမန်းမှုတ်လို့
ငါကိုပူးကပ်ခေါ်ဆောင်လို့ 
ငါ့ကို....
ငါ့ကို.......
ငါ့ကို..........
ကဗျာတွေကြားထဲမှာ
အလှပဆုံး
သဂြိုလ်ပေးလိုက်တဲ့အခါ
တလူလူနဲ့ ......ထွက်လာတာ
ကဗျာ...။
Oct25.2014
မင်းဆက်ဝေ
တစ်ဆင့်ကူးယူးသုံးစွဲခြင်းလုံးဝခွင့်မပြုပါ။
Labels:
ကဗျာလူသား
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်