Saturday, January 24, 2015
ကဗျာလူသား ၁၁
ကဗျာဟာ ငါဖြစ်ခဲ့တယ်
အိမ်မက်တွေ အထွေးလိုက်အန်ချပစ်လိုက်တယ်
ငိုဖို့မျတ်ရည် ကျန်မှကျန်ဦးမလားဘဲ
ချာတိတ်တစ်ယောက်ရဲ့ အလိုကို
ဘယ်နတ်မင်းမှမလိုက်နိုင်သလိုမျိုး
ကံကွတ်ကြဲလွန်းလှတဲ့သူ
ကျေးဇူးပြုပြီး ခင်ဗျားပြောပါ
ကဗျာရေးမိတာအပြစ်လား
ဒီမှာကြည့်
ဘာမှဖြစ်မလာသေးရင် ဖြစ်မလာသေးတာကိုပဲ
ငါထွေးပွေ့မယ်/ငါယုယမယ်/ငါမြတ်နိုးမယ်
မုန်းချင်သပဆိုလည်း
တစ်ဖတ်ကမ်း ရောက်အောင်မုန်း
သွားချင်သပဆိုလည်း
ပြန်လှည့်မလာနဲ့ အဝေးတကာ့အဝေးဆုံးကို
ရောက်အောင်သွား
ဒါမှ ရဲရင့်အရသာ....။
ဘယ်သူဘာပြောမလဲ
ငါ့ ကဗျာတွေအတွတ် ငါသွေးရဲခဲ့တယ်
ဘယ်သူသိသိ မသိသိ
ကဗျာတွေဟာ ငါကိုဝေဒနာတောထဲက
ဆွဲထူတယ်
ဒီတော့
ကဗျာဟာ ငါဖြစ်သလို
ငါဟာ ကဗျာဖြစ်ခဲ့တယ်...... ။
Minsetwai
Labels:
ကဗျာလူသား
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်