Saturday, January 17, 2015
ကဗျာလူသား ၈
ခံစားချက်ဗိသုကာများ
၁။ဘယ်သူတွေမီးထွန်းပေးခဲ့တာလဲ!
အကောင်းတွေကန်းပြီး အဆိုးချည်းမြင်နေရ
၂။ဦးနှောက်ရိုင်းကို ခပ်ဝေးဝေးလွှင့်ပစ်ပြီး
တစ်နေ့စာတွေထဲအိပ်မောကျ
၃။ဘယ်သူတွေသတိထားမိမလဲ!
ငါဟာ သိုးရေခြုံထားသူလို
ဒေါ်င်းယောင်ဆောင်ထားသူလို
ရိုးသားမူတွေပျောက်ဆုံးခဲ့ရ
၎။မနက်ဖြန်တွေရှိတယ်ဆို
အတိတ်ကိုဆုတ်ဖြဲပစ်ပြီး
ဟိုး....ပင်လယ်အောက်မှာမြှပ်ပစ်ချင်လို့
၅။တောင်စဉ်ရေမရတွေနဲ့ ရယ်မောရ
၆။ငါမှာ ကျွတ်ကျွတ်အိတ်တစ်လုံးစာ
စိတ်ကူးတွေတော့ရှိတယ်
ဘယ်သူဝယ်မလဲ
လွှင့်ပစ်ရမှာ နှမျောနေလို့
၇။ကောင်မလေးရေ ...ပြုံးလိုက်ပါ
ညက ညအလုပ်ကိုပဲလုပ်သလို
လကလည်း လအလုပ်ကိုပဲလုပ်ပါတယ်
၈။လူဆိုတာချောင်းကြည့်တတ်တဲ့အမျိုးမို့
ငါကို ချောင်းချောင်းကြည့်နေတဲ့လူတွေရှိရဲ့
၉။ဒါကြောင့်
ငါ့ရင်ဘတ်ကို
ခပ်ကျယ်ကျယ်လေး ဖွင့်ခဲ့တယ်။
Oct30.2011
Minsetwai
Labels:
ကဗျာလူသား
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်