Tuesday, January 13, 2015

စာရေးဆရာနှင့်ခက်ခဲသောဘ၀များ လောကမှာတကယ်အောင်မြင်ချင်လျှင် နေ့ တိုင်းကိုစာမေးပွဲဖြေသောနေ့ ဟုမှတ်ယူရမည်။ (လူထုဦးလှ) တစ်ခါကအင်္ဂလန်ပြည်တွင် စာအုပ်စာပေကိုအလွန်တရာမှစိတ်ဝင်းစားသော ကောင်းလေးတစ်ယောက်ရှိသည်။ ထိုကောင်လေး သည် အလွန်မှဆင်းရဲသောကြောင့် ငယ်ရွယ်စဉ်ကာလမှာပင် ပုံနှိတ်တိုက်တစ်ခုတွင်ဝင်ရောက်အလုပ်လုပ်ကိုင်နေရပေသည်။ သူ၏အ လုပ်ချိန်မှာ တစ်နေ့ ကို(၁၂)နာရီရှိသည်။ ထိုမျှအလုပ်လုပ်ရသောလည်းသူသည်လုပ်ခမဖြစ်စလောက်သာရရှိပေသည်။ထိုကြောင့်သူနှစ် သက်သော စာအုပ်များကိုဝယ်မဖတ်နိုင်ချေ။ သူသည်နေ့ စဉ်အလုပ်သွားသောအခါ စာအုပ်အဟောင်းများရောင်းသောဆိုင်ရှေ့မှဖြတ်သွားလေ့ရှိသည်။ စာအုပ် အဟောင်းရောင်းသောဆိုင်မှာ သပ်သပ်ရပ်ရပ်ပြုပြင်ထားပြီး မှန်နံရံအနောက်တွင် စာအုပ်တစ်အုပ်၏ စိတ်ဝင်စားဖွယ်ကောင်းသော စာမျတ်နှာတစ်ခုကိုလှန်ပေးထားလေ့ရှိသည်။ ထိုကြောင့်သူသည် အလုပ်သွားတိုင်း ထိုလှန်ထားသောစာမျတ်နှာကိုဖတ်သွားလေ့ရှိသည်။ တစ်နေ့ တွင်မူ မနေ့ ကသူဖတ်သွားခဲ့ သော စာမျတ်နှာ၏နောက်တစ်မျတ်နှာကို လှန်ပေးထားတာကိုသူတွေ့ ရသည်။ ထို နေ့ ပြီးနောက်နေ့ များတွင်လည်း ထိုသို့ လှန်ပေးထားမြဲဖြစ်သည်။ သူလည်းလှန်ပေးထားသောစာမျတ်နှာများကိုနေ့ တိုင်းဖတ်လာခဲ့ ရာ နောက်ဆုံးစာမျတ်နှာသို့ ရောက်လျှင် ဆိုင်ရှင်အဖိုးကြီးထွက်လာပြီး ဆိုင်ထဲသို့ အချိန်မရွေးဝင်ရောက်ကာ စာအုပ်ဝင်ဖတ်ခွင့်ပေးခဲ့ သည်။ ထိုကဲ့ သို့ စာကိုရသမျှအချိန်လေးမှာ ရသလိုဖတ်ခဲ့ သောကောင်းလေးသည် နောင်တစ်ချိန်တွင် ဘင်ဂျမင်ဖာရီယွန်(Benjamin Fareon) ဟူသောအမည်ဖြင့်ထင်ရှားသောစာရေးဆရာဖြစ်လာခဲ့ ပေသည်။ ထိုအတူပင်နာမည်ကျော်စာရေးဆရာကြီး လီယိုတော်စတွိုင်းမှာလည်း မိခင်ကနှစ်နှစ်သားအရွယ်တွင်ကွယ်လွန်ခဲ့ ပြီး ဖခင်မှာ သူ(၉)နှစ်သားအရွယ်တွင်ကွယ်လွန်သွားသည်။ သူအရွယ်ရောက်လာချိန်တွင် သူ၏အစ်ကို နီကိုလေးက သူကိုစစ်တပ်ထဲဝင်ခိုင်းခဲ့ သည်။ သူစစ်တပ်ထဲသို့ ရောက်လျှင် တောင်ပေါ်ဒေသနေ လူမျိုးများအကြောင်းကိုလေ့လာပြီး The Raid ဆိုသောဝထ္ထူကိုေ၇းသည်။ ထိုနောက် Crimean စစ်ပွဲတွင် အမြှောက်တပ်အရာရှိအဖြစ် တာဝန်ထမ်းဆောင်ရင်း စစ်၏ဆိုးကျိုးများကိုမျတ်ဝါးထင်ထင်တွေ့ ကြုံခဲ့ ရပေသည်။ 1856ခုနှစ်တွင် တော်စတွိုင်းသည် စစ်တပ်မှထွက်ခဲ့ ပြီး စာပေလောကထဲဝင်လာခဲ့ သည်။ ထိုနောက် World and peace စာအုပ်ဖြင့်အောင်မြင်မူကိုရရှိသည်။ ထိုစစ်နှင့်ငြိမ်းချမ်းရေးစာအုပ်မှာ သူ၏ဘ၀ကိုရင်းပြီးရရှိခဲ့ သော အသိတရားများပင်ဖြစ်သည်။ ထိုကြောင့်စာရးဆရာဟူသည် စာဖတ်နေရုံမျှဖြင့်မပြီးသေး ၊ ကိုယ်ပိုင်အတွေ့ အကြုံကြွယ်ဝရဦးမည်ဖြစ်သည်။သူကဲ့ သို့ ပင် ကိုယ်ပိုင်အ တွေ့ အကြုံဖြင့်အောင်မြင်ခဲ့ သူနောက်တစ်ယောက်ာမှာ ဟဲမင်းဝေးဖြစ်သည်။ အာနက်စ် ဟဲမင်းဝေးသည် The Old Man And The Sea (ပင်လယ်ပြာနှင့်တံငါအို) ဆိုသောစာအုပ်ကိုရေးရန် တံငါ အလုပ်ကိုနားလည်အောင် ပင်လယ်ကမ်းခြေတွင် အိမ်ဝယ်ပြီး မာလင်ငါးကြီးများကို ကိုယ်ပိုင်ငါးဖမ်းရေယာဉ်ဖြင့် အကြိမ်ပေါ်င်းများ စွာထွက်ဖမ်းခဲ့ သည်။သူသည်ကျောင်းသားဘ၀ကတည်းကစာအလွန်ရေးချင်သူဖြစ်သည်။သူသည်စိတ်ဝင်စားစရာကောင်းသော ဆွဲဆောင်မူရှိသောစစ်အခြေခံ ၀ထ္ထူကြီးများကိုရေးချင်သောကြောင့် စစ်တပ်ထဲဝင်ရန်ကြိုးစားခဲ့ သည်။ သို့ သော်သူသည်အမြင်အာရုံမ ကောင်းသောကြောင့် စစ်တပ်ထဲဝင်ခွင့်မရခဲ့ ချေ။ ထိုအခါ စစ်သားအဖြစ် ရှေ့တန်းသို့ မသွားရသောကြောင့်ာကက်ခြေနီအဖွဲ့ ထဲသို့ ဝင်ပြီး လူနာတင်ယာဉ်မောင်းအဖြစ် ရှေ့တန်းသို့ ရောက်အောင်သွားသည်။ ဟဲမင်းဝေးရှေ့တန်းသို့ ရောက်လျှင် စစ်သားသုံးဦးနှင့်ပေါ်င်းပြီးဗုံခိုကျင်းထဲတွင်ဝပ်နေသည်။ ထိုအချိန်မှာပင် ဗုံဆံ တစ်ခုမှာသူတို့ ကျင်းထဲသို့ ကျလာသည်။ စစ်သား(၂)ယောက်မှာပွဲချင်းပြီးသေဆုံးသည်။ကျန်တစ်ယောက်မှာ သေလုမျောပါး ၏ဒဏ်ရာရကာ သူကိုယ်တိုင်ကမူ ညာဘက်ခြေထောက်တွင်ဒဏ်ရာကြီးတစ်ခုရသည်။ သို့ သော် သူသည် ခြေထောက်ဒဏ်ရာဖြင့် အသက်ရှင်နေသောစစ်သားကို ထမ်းပြေးလေသည်။ထို့ ကြောင့် ကျည်ဆန်နှစ်ချက်ထပ်ပြီးထိမှန်ခဲ့ ရသည်။ ဘေးကင်ူးရာသို့ သူရောက် ရှိသောအချိန်တွင်မူ သူထမ်းလာသောစစ်သားမှာသေဆုံးသွားပြီဖြစ်သည်။ သို့ သော်သူကို နိုင်ငံတော်မှ သူ၏စိတ်ဓါတ်နှင့် သတ္တိကို ဂုဏ်ပြုသောအားဖြင့် ဆုချီမြှင့်ခဲ့ သည်။ ထိုအကြောင်းကို A Farewell To Arms ဟူသောအမည်ဖြင့်စာအုပ်ရေးခဲ့ ရာ အောင်မြင်မူ များစွာထပ်မံရရှိခဲ့ ပေသည်။ Views: 83 Like Share

No comments:

Post a Comment

ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်