Saturday, January 17, 2015
ကဗျာလူသား ၉
အရွယ်
အခုထိ ၁၆နှစ်သားတစ်ယောက်လို
စိတ်ကစားချင်နေတယ်
ဒါ ဘယ်သူမှမသိလည်း ငါကိုယ်ငါတော့
ရှက်မိတယ်......။
အခုထိ ၁၈နှစ်တုန်းကလို
မိန်းမတစ်ယောက်ကို ရူးရူးမူးမူးချစ်ချင်နေတယ်
ဒါ စိတ်ကူးသက်သက်မှန်း
ငါကိုယ်ငါလည်းသိပါတယ်.....။
အခုထိ အသက်၂၀တုန်းကလို
ကိုယ်ချစ်သူအပေါ် ကိုယ်စိတ်ကောက်ကြည့်ချင်တယ်
ဒါ ရယ်စရာပြတ်လုံးမှန်း
ငါ ဟာ ငါ သတိထားမိတယ်.......။
အခုထိ ၂၂နှစ်တုန်းကလို
အချစ်ရေးမှာ ရင့်ကျတ်သွားသူလို
ဟန်ဆောင်ချင်နေမိတယ်
ဒါ လိမ်ညာမူတစ်ခုမှန်း
ငါဟာငါ သိနေတယ်.....။
အခုထိ ၂၄နှစ်တုန်းကလို
ကြေကွဲခြင်းမျိုးတွေပြန်လိုချင်နေတယ်
ဒါ အကောင်းဆုံးအမှတ်တရတွေမှန်း
ငါဟာငါ တွေးထင်နေမိတယ်။
Dec7.2014
Minsetwai
Labels:
ကဗျာလူသား
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်