Tuesday, January 13, 2015
အခုဆိုရင် ကျွန်တော်ရဲ့ တတိယ စာအုပ်ဟာ ဘလော့ နံပါတ် (၇)ကိုရောက်လာပါပြီ။ဒီတစ်ခါတော့ ဟင်းလင်းဖွင့်ခြင်းဆို တဲ့ ကဗျာလေးကိုဖော်ပြချင်ပါတယ်။သူငယ်ချင်းတို့ အဲဒီက ဗျာလေးကိုကြိုက်နှစ်သက်တယ်တယ်ဆိုရင် share လုပ်ပေး ဖို့ မေတ္တာရပ်ခံပါတယ်………..။
ဟင်းလင်းဖွင့်ခြင်း
ငါတို့ ဟာ လူဖြစ်လျှက်နဲ့  လူ့ အခွင့်အရေးနဲ့ ဝေးခဲ့ ကြသူတွေပါ
ဒါကြောင့်………………………
ငါတို့ ဟာ လူမဆန်မူ၊ဖိနှိတ်မူတွေနဲ့ နပမ်းသတ်ရဖူး…………..
ခေတ်ဆိုး၊စနစ်ဆိုးနဲ့ လျော့တိလျော့ရဲပညာနို့ ကိုစို့ ကြရဖူး……
အဲဒီလို…
မီးလောင်တိုက်သွင်းခံထားရတဲ့ ငါတို့ စိတ်ဓါတ်တွေ…
ပြောင်းလဲမူအနည်းငယ်နဲ့ ချေဖျတ်ခံရဖူး….။ ။
ငါတို့ ဟာကျိန်စာမိထားတဲ့  လူမျိုးစုတစ်စုလိုမျိုး..
ပင်ပင်ပန်းပန်းနဲ့ ရုန်းကန်၊ ဆင်းဆင်းရဲရဲနဲ့ စားသောက်…
လူတန်းစားကွာဟမူအကြီးကြီးကြောင့်
ငါတို့ ဦးနှောက်တွေမီးခိုးအူထွက်..
ကျပ်ညှပ်နေတဲ့ ဘက်စ်ကားတွေလို ငါတို့ ရဲ့ စိတ်တွေလည်းမွန်းကျပ်..
ပိတ်စို့ ခံထားရတဲ့ စီးဟွးရေးဈေးကွတ်နဲ့  ငါတို့ ၇ဲ့ ခေတ်တစ်ခုလုံးပျတ်ခဲ့ ………..
အိမ်မက်…….. မျော်လင့်ချက်…………….. လိုလားမူ……………… တောင့်တမူ……………….. ဆန္ဒအာလုံး………………………. နေပူလှန်ခံထားခဲ့ ရခဲ့ ……….။ ။
သူတို့ ဟာ ငါတို့ ရဲ့ မပြည့်စုံမူအတွတ် ငါတို့ ကိုပစ်ဒဏ်ပြန်ခတ်ခဲ့ ကြတယ်……
အတားမြစ်ခံထား ရတဲ့ ငါတို့ တွေ စည်းကမ်းတွေကိုမုန်းတီးခဲ့ ကြတယ်
အဲဒီလို………… ဆင်ဆာတားမြစ်မူတွေနဲ့  ငါတို့ ရဲ့ ခံစားချက်. ဥပဏ္ခောပြုခံရသလိုမို့ …
ငါတို့ သမိုင်းဟာမရိုင်းသောလည်း ငါတို့ ဟာရိုင်းခဲ့ တယ်။ ။
ငါတို့ ဟာမဆင်းရဲသောလည်း အခုဆင်းရဲတယ်။ ။
အခု…တဒင်္ဂ သော့ခလောက်ဖွင့်ပြရုံ
လှောင်ချိုင့်တံခါးချိုးပြရုံနဲ့ …
ငါတို့ မပျံသန်းနိုင်တော့ပါဘူး….။ ။
ငါတို့ အတောင်ပံတွေချိုးခံခဲ့ ရဖူးတယ်…………..
ငါတို့ ခြေထောက်တွေချိုးခံခဲ့ ရဖူးတယ်………………….
ငါတို့ မျတ်လုံးတွေ ဖောက်ထုတ်ခံရဖူးတယ်………………
ငါတို့ နားတွေပိတ်ဆို့ ခံရဖူးတယ်………။ ။
ငါတို့ ရှေ့ကလူတွေနဲ့ 
ငါတို့ နောက်ကလူတွေ
ငါတို့ နဲ့ ညီမျှခြင်းထိုး.. တူညီပါသောလည်း
ရင်ထဲကနာကျည်းချက်တွေက မျိုးစုံကွဲပြားခြားနားခဲ့ …
ထုတ်ချင်းပစ်ဖောက်ခံရတဲ့ ဒီအိမ်မက်တွေအတွတ်
ရင်တမမနဲ့ … မျော်လင့်စောင့်စားနေရခဲ့ …..။
အမှန်တော့ ငါတို့ ဟာ ငါးမျှားချိတ်နဲ့  အမျှားခံခဲ့ ရတယ်
ယုံကြည်မူမဲ့ မျတ်ဝန်းတွေနဲ့  မ၀ံမရဲဖြစ်ခဲ့ ရတယ်
သမိုင်းအတွတ် အိမ်ကြက်ချင်းအိုးမည်းသုတ်ခံခဲ့ ရတယ်
ခွတ်ခဲ့ မိတဲ့ တို့ ညီအစ်ကိုတွေအပျတ်ပျတ်နဲ့  နှာခေါ်င်းသွေးထွက်ခဲ့ ရတယ်။ ။
ဒါကြောင့် အသွင်မတူတဲ့ အိမ်သူနဲ့  ဆက်ဆံသလို
ငါတို့ ဟာကပေါ်က်တိကပေါ်က်ချာနဲ့  နိုင်ငံကြီးသားမပီသနိုင်ခဲ့ ………။
အဲဒီလိုဆိုတော့
ငါတို့ တစ်ခုပဲတောင်းဆိုပါတယ်
ဘောင်ထဲကျဥိးထဲကနေ ငါတို့ ကိုမနှိပ်စက်ပါနဲ့ ….
မနှိပ်စက်ပါနဲ့ …
မနှိပ်စက်ပါနဲ..။ ။
kglaypoem@gmail.com
6;40pm Jan 15.2013
တစ်ဆင့်ကူးယူဖော်ပြခြင်းလုံးဝခွင့်မပြုပါ။့ 
Labels:
တတိယ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်