ကဗျာလူသား17
အေးစက်စက်တရား
မြွေတစ်ကောင်ကနှလုံးသားထဲတိုးဝင်နေ
အကြည့်တွေကိုအေးစက်ပစ်
တွန့်လိမ်ကောက်ကွေးနေတဲ့လမ်းများ
တွန့်လိမ်ကောက်ကွေးစွာသွား
အေ၇ခွံ့မလဲခဲ့မိသောနေ့များ........။
စိမ်းကားကြည့်ဖို့စိန်ခေါ်ပါတယ်
အေးစက်မူက အ၇ည်၇ွမ်းနေတယ်
ပျင်းရိမယ်ထင်သူတွေအဖို့
ကြိုးရှည်ရှည်လှန်ခံထိတဲ့ ဖားလို
ငါ ကတော့
ဇက်ကြောတတ်နေတဲ့ဗျိုင်းလို
နောက်ဆုံး အေးစက်မူနွေးလာတဲ့အထိ
ငါကိုယ်ထဲခေါ်င်းထိုးထည့်လို့ခွေနေမယ်။
ငြိမ်သက်နေတာဘယ်လောက်ကြာပြီးလည်း
ငါမသိဘူး
ငါမမှတ်မိဘူး
ငါအိပ်စက်နေမိသလားဆိုတာလည်း
ငါပြန်သတိမ၇ဘူး
ငါသိတာ ငါအေးစက်နေတာ
ငါနှလုံးသားကို မြွေတစ်ကောင်ဝင်ရောက်ရစ်ပတ်နေတာ
ငါ မြွေများဖြစ်ခဲ့လေသလားလို့ ငါတွေးတောနေတာ.....။
10.8.14
မင်းဆက်ဝေ
အေးစက်စက်တရား
မြွေတစ်ကောင်ကနှလုံးသားထဲတိုးဝင်နေ
အကြည့်တွေကိုအေးစက်ပစ်
တွန့်လိမ်ကောက်ကွေးနေတဲ့လမ်းများ
တွန့်လိမ်ကောက်ကွေးစွာသွား
အေ၇ခွံ့မလဲခဲ့မိသောနေ့များ........။
စိမ်းကားကြည့်ဖို့စိန်ခေါ်ပါတယ်
အေးစက်မူက အ၇ည်၇ွမ်းနေတယ်
ပျင်းရိမယ်ထင်သူတွေအဖို့
ကြိုးရှည်ရှည်လှန်ခံထိတဲ့ ဖားလို
ငါ ကတော့
ဇက်ကြောတတ်နေတဲ့ဗျိုင်းလို
နောက်ဆုံး အေးစက်မူနွေးလာတဲ့အထိ
ငါကိုယ်ထဲခေါ်င်းထိုးထည့်လို့ခွေနေမယ်။
ငြိမ်သက်နေတာဘယ်လောက်ကြာပြီးလည်း
ငါမသိဘူး
ငါမမှတ်မိဘူး
ငါအိပ်စက်နေမိသလားဆိုတာလည်း
ငါပြန်သတိမ၇ဘူး
ငါသိတာ ငါအေးစက်နေတာ
ငါနှလုံးသားကို မြွေတစ်ကောင်ဝင်ရောက်ရစ်ပတ်နေတာ
ငါ မြွေများဖြစ်ခဲ့လေသလားလို့ ငါတွေးတောနေတာ.....။
10.8.14
မင်းဆက်ဝေ
No comments:
Post a Comment
ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်