Saturday, January 31, 2015
ကဗျာလူသား ၁၅
မြွေ
နူညံလွန်းလို့ကိုယ်တိုင်ဒဏ်ရာရနေတယ်
ှ့ဖျစ်ညှစ်ခဲ့
တင်းကျပ်စေခဲ့တော့
ငါ မူးမေ့သတိလစ်သွားတယ်
မင်းရဲ့ချိုမြိန်တဲ့ အဆိပ်ငွေ့တွေကြား
ဘ၀ဟာ
အနမ်းတစ်ခုကြောင့်
အထင်မှားစေခဲ့ပြီလားကွယ်။
မင်းလည်း ဒဏ်ရာနှစ်ခုရသွားခဲ့
နှလုံးသားမှာတစ်ခု
စိတ်တွင်းမှာတစ်ခုဆိုတော့
ရူးပြီပေါ့ကွယ်
မင်းကော
ငါကော
ခြောက်သွေ့လွန်းတဲ့ကန္တရထဲမှာ
အရေခွံတွေ လဲ
နေကလည်း ဆယ်ထက်ကဲဆိုတော့
အစိတ်စိတ်အမွှာမွှာဖြစ်ခဲ့သူက
ငါပါကွယ်။
အခုမရူးပါဘူး
အသက်ကိုရှုတယ်
မြေမှုန့် သဲမှုန့်တွေကြား
ဒဏ်ရာမရှိ
ကန့်သတ်မူမရှိနဲ့ပေါ့...။
ရေးသူ=grapher
ဘာသာပြန်=minsetwai
Labels:
ကဗျာလူသား
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်