Thursday, February 5, 2015

ခင်ဗျားအတွတ်အမှတ်တရ

ကဗျာလူသား19

ခင်ဗျားအတွတ်အမှတ်တရ

ကဗျာတစ်ပုဒ်ကိုခင်ဗျားဘယ်လို ခံစားသလဲ
ခင်ဗျားအမြင်နဲ့ကျွန်တော်အမြင်
ညှီဖို့ကို မကြိုးစားဖတ်ကြည့်လည်းနားမလည်
အခု ကျွန်တော်ရေးတဲ့ကဗျာ
နှစ်ခေါ်က်သုံးခေါ်က်
ခံစားမူရသလည်း မဲ့နေတယ်
စကားလုံးတွေက ရိုးစင်းတယ်
ခင်ဗျား ဘယ်လိုပဲ သမုဒ် သမုဒ်
အဲဒါ ကျွန်တော်လိုလားနေတဲ့ COMMETတစ်ခုပဲဖြစ်တယ်။

အခုကဗျာက ကို့ယိုကားယားနိုင်နေမယ်
ကာရံ နဲ့နဘေတွေမဲ့နေမယ်
ယဉ်ကျေးမူနဲ့နူညံမူတွေပျောက်ဆုံးနေမယ်
ဒါကြောင့် ဒီကဗျာကိုခင်ဗျားဖတ်ပြီး
ဘာမှမစဉ်းစားရသေးခင်
ဒါဟာကဗျာမဟုတ်ဘူးလို့ငြင်းမဲ့ဆန္ဒရှိနေရင်
ဒီထက်ဆိုးဝါးတဲ့ကဗျာတွေက
အနာဂတ်ထဲကနေ ခင်ဗျားကိုမျတ်စောင်းထိုးလိမ့်မယ်။

ဒီကဗျာက ပွင့်လင်းခြင်းကိုဘောင်ခတ်
အရှိကို အရှိအတိုင်းခံယူချက်တွေချုပြနေလို
ခင်ဗျားအတွတ် သုံးသပ်လေလေ ဒေါသထွက်လေလေဖြစ်လို့
ရေးချင်ရာရေးပြီး ကဗျာဆရာလုပ်တဲ့ကောင်လို
ခင်ဗျားအော်ဆဲနေရင်တောင်
ကျွန်တော် ခင်ဗျားကို အရှင်းကြီးနားလည်ပေးပါမယ်။

ဒါပေမယ့်........
ဒီကဗျာကတော့ ပုံစံပြောင်းသွားမှာမဟုတ်ဘူးနော်
ဖတ်လို့ စိတ်မောလာတယ်ဆိုရင်တော့
ဒီကဗျာကို ခင်ဗျားကောင်းကောင်းဖနောင့်နဲ့ပေါက်
ဒီကဗျာဟာ အလွန်မှမျတ်နှာရူးတဲ့ကဗျာ
ရှက်ကြောပြတ်နေတဲ့ကဗျာဆိုမှတော့
အမိုက်ပုံးထဲသာ
ခင်ဗျားထည့်သွားလိုက်ပါဗျာ။
3:05PM
Apil5.2012
Minsetwai

No comments:

Post a Comment

ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်