Friday, February 6, 2015

ဘလိတ်ဓါး

ကဗျာလူသား၂၀


ဘလိတ်​ဓား

အလွန်​​အေးစက်​စက်​နိုင်​တဲ့ဓား
ငါ့အ​ရေပြား​ပေါ်မှာ ဖြတ်​ပြီး​ပြေး​နေရဲ့
ကျောရိုးထဲမှာ​တော့ ချမ်းစိမ့်စိမ့်နဲ့....ရယ်​။
ငါ့လက်​​ကောက်​ဝတ်​မှာ
သွေး​​တွေဖြာထွက်
တစ်​စက်​ချင်းကျ​နေတာများ
အောက်မှာရွဲနစ်​​နေရဲ့........။
ငါက​တော့.......ငြိမ်​ငြိမ်​သက်​သက်။
ငါဝိညာဉ်​ရဲ့ ဟိုး.....
အတွင်းဆုံးမှာ
မ​ကောင်းဆိုးဝါးရှိ​နေတယ်​။
အဲဒါက တစ်​ကြိမ်​လှီးဖြတ်​တယ်
နှစ်​ကြိမ်​ လှီးဖြတ်​တယ်
သုံးကြိမ်​ လှီးဖြတ်​တယ်
ပြီး​တော့...အကြိမ်​​ပေါ်င်း​မြောက်​မြားစွာ။
ငါ အမြင်​​တွေ​ဝေဝါး
အခန်းထဲမှာ ​မှောင်​မိုက်​လို့
နှလုံးခုန်​နှုန်းက တဒုန်းဒုန်းနဲ့
မြန်​​နေတယ်​........။
နောက်​​နေ့မှာ ဒယီဒယိုင်​နဲ့
ငါ့ စိတ်​ရှုပ်​စွာနိုးလာခဲ့ရ..
လူ​တွေက ငါ့အခန်းတံခါးကို
တဒုန်းဒုန်းနဲ့ထုကြတယ်​။
ငါ့ဦး​ခေါ်င်းထဲက ဦး​နှောက်​​ကြောင့်
အ​ကောင်းဆုံးမျတ်​နှာကိုထားတယ်
ဘာ​ကြောင့်ဆိုတာ သူတိုမသိနိုင်​ဘူး။
သူတို့မသိနိုင်​ဘူး။
အရာရာတိုင်းအတွတ်
အ​ကြောင်းပြချက်​ငါမှာရှိတယ်​။
သူတို့ဘဝကအပြစ်​ကင်းပါတယ်​။
ငါက​တော့ ငရဲမှာရှင်​သန်​မယ်​။
သူတို့လည်းသိပါတယ်။
အဲဒါ​တောင်​​နောက်​ကျ​နေဆဲပဲ.......။
ရေးသူ=p1nkp3r fect-28
ဘာသာပြန်​=မင်းဆက်​​ဝေ

No comments:

Post a Comment

ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်