Saturday, February 7, 2015

သာမန်လူသား

ကဗျာလူသား၂၁

သာမန်လူသား

အိမ်မက်ဆိုးတွေချည်းမက်မနေချင်သလို
အိမ်မက်ကောင်းတွေချည်းမက်ပါရစေလို့လည်း
ကိုယ်ဆုမတောင်းဘူး
ချမ်းသာသူဆယ်ဦးစာရင်းထဲလည်းမပါဝင်ချင်သလို
ရေသည်ယောကျာ်းလောက်လည်းမဆင်းရဲချင်ဘူး
ဒီတော့
ကိုယ်ဟာ အရမ်းကြီးမတော်ချင်သလို
အရမ်းကြီးလည်း မညံဖျင်းချင်ပါဘူး....။

အဲလို ခလယ်မှာရပ်ချင်သူအဖို့
မဖြစ်ချင်တာတွေကနေ မဖြစ်သင့်တာတွေအဆုံး
ပြင်ဆင်ချင်ပါလျှက်နဲ့ ပြင်လို့မရတဲ့အဆုံး
ပိုးကိုက်လို့ကျန်ခဲ့တဲ့ သစ်ဆွေးသားလိုမျိုး
ကိုယ်ဟာ ဘယ်နေရာမှအသုံးမတော်........။

ကိုယ်ဟာ သာမန်လူပါ..
သာမန်အတွေးတွေ တွေး
သာမန်အလုပ်တွေ လုပ်
သာမန်ပဲနေထိုင်တာတောင်
သာမန်မဟုတ်တဲ့ လူတွေက
ကိုယ့်ကို....
လူစည်းအပြင်ဘက် မောင်းထုတ်ခဲ့ကြတယ်..။

သာမန်လူသား ကိုယ်
သာမန်ပဲတွေးလိုက်တယ်
(လူဆိုတာအရူး........)
Apil19.2013
Minsetwai

No comments:

Post a Comment

ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်