ကျွန်တော်၏ဘလော့များ
Blog-5
ဗုဒ္ဓရုပ်ဟွး ပန်းပုပညာ
ခရစ်ကြိုနှစ်(၃၂၇_၃၂၅)ခုနှစ်၊ဘီစီ(၄)ရာ
စုခန့်တွင် ဂရိတို့၏ဘုရင် အလတ်ဇန်နားသည် အိန္ဒိယမြောက်ပိုင်း၊အိန္ဓုမြစ်ဝှမ်းကို သိမ်းပိုက်ခဲ့ရာမှ ဂရိတို့သည် ဗုဒ္ဓဘာသာနှင့် အကျွမ်းတဝင်ဖြစ်ခဲ့ဖူးချေ
သည်။ထိုမှတဆင့်ယင်းတို့ကိုးကွယ်သောနတ်ဘုရားများကို ရုပ်တုထုလုပ်ကိုးကွယ်ကြသလိုမျိုး မဟာယနဗုဒ္ဓဘာသာဂိုဏ်းနှင့် ဟိန္နူဗြဟ္မဏ
ဝါဒများ ရောယှတ်နေသော ဗုဒ္ဓဘာသာနယ်ပယ်တွင် ဗုဒ္ဓရုပ်ဟွးဆင်းတုတော်များ ထုလုပ်ကိုးကွယ်စေရန် အားထုတ်ခဲ့ကြသည်။ထိုနယ်ပယ်ကို
ဂန္ဓာရဒေသ(Gandhara)ဟုခေါ်သည်။ထိုဂန္ဓာရဒေသသည် ဂရိတို့လွှမ်းမိုးခဲ့ရာမှစတင်ပြီး ဂရိတို့၏ကျောက်ဆစ်ပညာဖြင့် ဗုဒ္ဓရုပ်ဟွးတော်
များပေါ်ထွန်းခဲ့ရာဒေသပင်ဖြစ်သည်။ယင်းတို့နှင့်ခေတ်ပြိုင်ဖြစ်သောမထုရာပန်းပုဆရာများသည် ဗုဒ္ဓရုပ်ဟွးတော်မြတ်များကို ထုလုပ်ကြရာ
တွင် ခေတ်ဦးယက္ခသရုပ်တုများ၊ဂျိမ်းဝါဒဆိုင်ရာ
ရုပ်တုများကိုအတုယူခဲ့ကြသည်။ဂန္ဓာရရှိပန်းပုဆရာများမှာမူခေါမ၊ရောမနတ်ရုပ်တို့ကိုအတုယူခဲ့ကြခြင်းဖြစ်သည်။ယခု ဗုဒ္ဓဘာသာ လက်ရာဟန်များသည်
ဂရိ၊ရောမ၊အီရန်၊ပါသီယံလက်ရာများမှဖြာထွက်လာသော အကိုင်းအဆတ်တစ်ခုပင်ဖြစ်သည်။ထိုကြောင့်ဂန္ဓာရအနုပညာဟူသည် မူရင်းအာရှမိုင်းနားဒေသမှ အခြေခံဗုဒ္ဓဘာသာကို အနောက်တိုင်းအမြင် ပေါ်င်းစပ်
ထားသောအနုပညာပုံစံတစ်မျိုးပင်ဖြစ်သည်။ထိုအနုပညာကို ပြင်သစ်အနုပညာရှင်များက ဂရိဗုဒ္ဓဘာသာအနုပညာဟူ၍လည်း နာမည်တပ်ခဲ့ကြ
သည်။အချို့ကမူ ယင်းကပြားအနုပညာဟန်သည် ယနေ့ အာဖဂန်နစ္စတန်နိုင်ငံ၏အယ်ဘတ်ထရီးယားဒေသတွင် ဦးစွာအခြေတည်ခဲ့သည်ဟုလည်းဆိုကြသည်။ထိုမြို့တော်ကို ဂရိတို့ သိမ်းပိုက်ခဲ့ပြီးနောက် အရှေ့နှင့် အနောက်ဖြစ်သော ဆီရီးယားနှင့်တရုတ်နိုင်ငံကို ချိတ်ဆတ်ပေးနိုင်ခဲ့သည်။ထိုကြောင့်ဂန္ဓာရလက်ရာများသည် အိန္ဒိယပြည်တစ်ခွင်သာမက တရုတ်ပြည်ထိတိုင်အောင်ပျံနှံခဲ့သည်။သို့ဖြစ်
သောကြောင့် ကပ္ပာရှေးဟောင်းပန်းပုပညာ အဆင့်အတန်းကို အကဲဖြတ်ရာတွင် ဂန္ဓာရအ
နုပညာမှာလက်ရာအမြောက်ဆုံးအဖြစ်သတ်မှတ်ခံရခြင်း ဖြစ်ပေတော့သည်။
march18.2015
minsetwai

No comments:
Post a Comment
ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်