ကျွန်တော်၏ဘလော့များ
Blog-6
အိမ်မက်ဆရာကြီး ဆစ်ဂမန်ဖရွိုက်
ဆစ်ဂမန်ဖရွိုက်(Sigmund Freud)(1856-1939)
ဆစ်ဂမန်ဖရွိုက်ကို ၁၈၅၆ခုနှစ်တွင် ဖရိုက်ဘော့ဂ်မြို့တွင် မွေးဖွားခဲ့သည်။(ယခု ဖရီကော်ရီမြို့၊ချက်ကိုစလိုဗက်ကီးယားနိုင်ငံ)။ဖရွိုက်
သည် စီးဟွးရေးဖြစ်ထွန်းအောင်မြင်သော သစ်ကုန်သည်တစ်ဦး၏သား
ဖြစ်သည်။သူဖခင်သည် သူ၎နှစ်သားအရွယ်တွင် ဗီယင်နာမြို့သို့ ပြောင်း
ရွေ့နေစေခဲ့သည်။ထိုမြို့ရှိ အကောင်းဆုံးဆိုသော စပါးပ်တက္ကသိုလ်ဝင်ကျောင်း (Sperl Gymnasium)တွင် ပညာသင်ခွင့်ရခဲ့သည်။ထို
နောက် ထိုတက္ကသိုလ်မှာပင် ဆေးပညာဘွဲ့ရရှိပြီး ဗီယင်နာအထွေထွေရောဂါကုဆေးရုံကြီးတွင် ပထမလက်ထောက်ဆရာဝန်အဖြစ်ဝင်လုပ်ခဲ့
သည်။ထိုမှတဆင့် ကိုယ်ပိုင်စိတ်ရောဂါကုဆေးခန်းတစ်ခန်းကိုဖွင့်ကာ
ဆေးကျောင်းသားဘဝက သုတေသနပြုခဲ့ဖူးသော ဦးနှောက်ဇီဝအဗ္ဗဗေဒဘာသာရပ်ကိကထိကု ဆက်ပြီးလေ့လာလိုက်စားခဲ့သည်။ထိုသို့ဖြင့် သူသည် ဗီ
ယင်နာတက္ကသိုလ်တွင် ဦးနှောက်နှင့်အာရုံကြော ရောဂါဗေဒ တစ်ယောက်ဖြစ်လာသည်။
၁၈၆၆ ခုနှစ်တွင်ဆစ်ဂမန်ဖရွိုက်သည် မာသာဘာနေးနှင့် လက်ထပ်ခဲ့သည်။သူ့ဘဝတွင် အရေးကြီးဆုံးသော တီထွင်ဆန်းသစ်
သည့် ကာလအပိုင်အခြားသည် ၁၈၉၇ မှ ၁၉၀၀ အတွင်းတွင်ဖြစ်သည်။ဖရွိုက်သည် ၁၈၉၆တွင် ပထမဆုံး စိတ်ကိုဆန်းစစ်ပိုင်းခြားလေ့လာခြင်း
(Psycno-Analysis)ဟူသော စကားလုံးကို စတင်အသုံးပြုခဲ့သည်။ထိုနောက် ကိုယ်ပိုင်စမ်းသပ်မူများဖြင့် အိမ်မက်များကို စတင်လေ့
လာခဲ့သည်။ထိုလေ့လာမူများနှင့်အတူ အဓိကအစီအစဉ်လျာထားချက်
များကို တည်ဆောက်နိုင်ခဲ့သည်။ထိုကြောင့် သူသည် အိမ်မက်များကိုဆန်းစစ်လေ့လာခြင်း(၁၉၀၁)၊လိင်မူကိစ္စဆိုင်ရာသီဝရီများ(အက်ဆေး)(၁၉၀၅)၊ဒေါ်တ်တာချရီဘား(၁၉၁၁)၊ဝံပုလွေလူသား(၁၉၁၈)၊အတ္တနှင့်
စိတ်တွန်အား(၁၉၂၃)၊အဝိဇ္ဇာ၏အနာဂတ်ရေးသားထုတ်ဝေနိုင်ခဲ့သည်။၏မကျေနပ်မူများ(၁၉၃၀)၊မိုးဆက်စ်နှင့်ဧကဘုရားအယူဝါဒ(၁၉၃၉)စသော စာအုပ်များကို ရေးသားထုတ်ဝေနိုင်ခဲ့သည်။
ဖရွိုက်သည် ၁၉၁၇ ခုနှစ်တွင် စီးကရက်အလွန်သောက်သောကြောင့် အာခေါ်င်ကင်ဆာ စတင်ဖြစ်ပေါ်လာခဲ့သည်။ထို
ကင်ဆာအတွတ်ခွဲစိတ်မူ၃၃ကြိမ်ခံယူခဲ့ရသည်။ထိုနောက် ၁၉၃၈ တွင်ဗီယင်နာကို နာဇီဟစ်တလာတပ်များ ဝင်ရောက်သိမ်းပိုက်ကြရာ ဖရွိုက်နှင့် သူ့အဖော်များကို ထိပ်တန်းနာမည်ပျတ်စာရင်းသွင်းခဲ့ကြပြီး ၁၉၃၃ ခု
နှစ်တွင် နာဇီတို့က သူ၏စာအုပ်စာတမ်းများကို လူထုရှေ့တွင် မီးရှို့ဖျတ်စီးပစ်ခဲ့ကြသည်။ဖရွိုက်လည်း ထိုနေရာမှ စွန့်ခွာခဲ့ရပြီး လန်ဒန်သို့ရောက်
လာကာ ၁၉၃၉ ခုနှစ်တွင် ကွယ်လွန်သွားခဲ့ရသည်။
Feb.1.2015
Minsetwai

No comments:
Post a Comment
ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်