Saturday, April 11, 2015
ကျွန်တော်၏ဘလော့များ
Blog-8
နတ်အစွဲများ
အဂ်လန်နိုင်ငံရှိ မြေတွင်းများတွင် နော့ကာ(knocker)
ဟုခေါ်သော အဒိဋ္ဌိလောကသားတို့ရှိနေချေသည်။ထိုနော့ကာများကို
ဂေါ်ပလင် (ခေါ်)နတ်ပေတစာရင်းတွင် သွင်းထားကြသည်။ထိုနော့ကာ
တို့သည် သတ္တူတွင်းများထဲတွင် ခေါ်က်သံပေး၍ သတ္တူကြောကို လမ်း
ညွှန်ပေးတတ်ကြသည်။ထိုနော့ကာများရှိသော သတ္တူတွင်းများထဲသို့ လေချွန်ပြီးဝင်သွားလို့မရချေ။လေချွန်သံသည် သူတို့ကိုစိတ်အနှောင့်
အယှတ်ဖြစ်စေသောကြောင့် လေချွန်သောသူအား ပြန်လည်တုန့်ပြန်
တတ်ကြသည်။အဂ်လန်တွင် နောက်ထပ် ဘရောင်နီ(Bronie)ဆို
သော နတ်တစ်မျိုးလည်းရှိပြန်သည်။ထိုနတ်ကို အဂ်လိပ်တို့က မိတ်ဆွေ
ကောင်ကလေး(သို့)ရော်ဘင်ဂွတ်ဖဲလိုးဟု ခေါ်ကြသည်။ထိုနတ်သည်
လူတို့နှင့်အတူနေထိုင်ပြီး ညဘက်ရောက်လျှင် အိမ်ရှင်တို့၏ ဗာဟီရများ
ကို ကူညီဆောင်ရွတ်ပေးတတ်သည်ဟူ၏။ထိုကြောင့် စကော့တလန်နိုင်
ငံတွင် ထိုဘရောင်နီနတ်များအတွတ် နတ်ကွန်းများ ဆောက်လုပ်ပေး
ထားသည်ကိုမြင်ရခြင်းဖြစ်သည်။
နတ်သူငယ်များထဲမှာ လတ်ပရာချွန်း(leprachaun)ဟု
ခေါ်သော နတ်သူငယ်ကိုမူ အနောက်တိုင်းက အတော်ယုံကြည်ကြပြန်
သည်။ထိုနတ်သည် နောက်ပြောင်တတ်သောကြောင့် ရံဖန်ရံခါတွင် လူ
တို့၏ပစ္စည်းအချို့ကို ဝှတ်ထားခြင်း၊ကလေးသူငယ်များအား ဝှတ်ထား
ခြင်းများကို ပြုလုပ်တတ်သည်။သို့သော် သူတို့နှင့်အလွန်ရင်းနှီးသွား
လျှင် သူတို့၏ ကူညီစောင့်ရှောက်မူ များစွာရရှိနိုင်သည်။ထိုကြောင့် အိုင်း
ရစ်လူမျိုးများသည် လတ်ပရာချွန်းအရုပ်ကလေးများကို အဆောင်လက်ဖွဲ့
လုပ်ပြီးဆောင်ထားတတ်ကြသည်။ထိုအတူပင် ကျွန်တော်တို့ မြန်မာနိုင်ငံ
မှာလည်း လေချွန်နတ်ဆိုသော နတ်သူငယ်တစ်ပါးရှိပါသည်။ထိုနတ်ကို
မြန်မာတို့က ဝိညာဉ်မေးရာတွင်အသုံးချကြသည်။မည်သို့အသုံးချသနည်း
ဆိုလျှင် နတ်မေးလိုသူသည် နတ်မေးသောအိမ်သို့ ညအခါတွင်သွားကြ
ရသည်။အိမ်ရောက်လှင် နတ်မေးလိုသူက မိမိမေးလိုသူ၏ အမည်၊အ
သက်၊သေဆုံးသောနေ့ရက်၊အလောင်းကိုသဂြိုလ်မြှပ်နှံသည့်သချိုင်းတို့
ကိုပြောပြရသည်။ထိုနောက် "ရွီး" ဆိုသောအသံနှင့်အတူ လေချွန်နတ်
ထွက်သွားသောအသံကို ကြားရလိမ့်မည်။ထိုလေချွန်နတ်သည် သေဆုံး
သူသဂြိုလ်ခဲ့သော သချိုင်းသို့သွား၍ ဘဝပြောင်းသွားသော ဝိနိပါတိက
နတ်ကို ရှာဖွေကာ ခေါ်လာခဲ့၏။ ထိုသို့ခေါ်လာလျှင် "ရွီး" ဆိုသောအသံ
ဖြင့်အိမ်ထဲပြန်ဝင်လာသည်ကို ကြားရပေလိမ့်မည်။များသောအားဖြင့် လေချွန်နတ်သည် တစ်ခဏအတွင်းပြန်ရောက်လာတတ်သောလည်း
တစ်ခါတစ်ရံတွင်မူ သက်ဆိုင်ရာဝိညာဉ်ကို လိုက်ရှာရခက်နေသော
ကြောင့် မီနစ်အနည်းငယ်ကြာတတ်ချေသည်။စွယ်စုံကျမ်းတွင် ကျီသဲ
လေးထပ်ဆရာတော်က ထိုလေချွန်နတ်ကို နတ်ပြိတ္တာစာရင်းသွင်းထား
ပြီး ထိုနတ်သည် စကားကိုကောင်းစွာမပြောနိုင် လေချွန်သကဲ့သို့ အသံ
ငယ်သာထွက်သောကြောင့် လေချွန်နတ်ဟုခေါ်သည်ဟူ၏။
Api 5.2015
Minsetwai
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်