Thursday, April 2, 2015

ကျွန်​​တော်​၏ဘ​လော့များ
Blog -7
မွန်​ဂိုလူမျိုးများ
မွန်​ဂိုလူမျိုးများသည်​ တရုတ်​ပြည်​နှင့် ​မြေထဲပင်​လယ်​သို့ ဆက်​စပ်​​ပေး​သော Silk Road ​ခေါ်ကုန်းလမ်းမကြီးကို​ဖောက်​လုပ်​ခဲ့သူများ
ပင်​ဖြစ်​သည်​။ယင်းတို့သည်​ ခရစ်​နှစ်
၁၂၀၀အထိ ဆိုက်​​ဗေးရီးယားနှင့် တရုတ်​ပြည်​အကြား စတက်​ပ်​မြတ်​ခင်း​ဒေသ၌ လူရိုင်းများအဖြစ်​ ​နေထိုင်​ခဲ့ကြသည်။ယင်းတို့သည်​ ခရစ်သက္ကရာဇ်​၁၃ရာစု​လောက်​တွင်​ အာရှ
တိုက်​၏ အ​နောက်​ဘက်​အရပ်​​ဒေသများကို တိုက်​ခိုက်​သိမ်းပိုက်​နိုင်​ခဲ့ကြသည်​။ယင်းတို့သည်​ တိုက်​ခိုက်​ရရှိ​သော စည်းစိမ်​များကို အဝတ်​အစားများတွင်​ အသုံးချကြသည်​။အဝတ်​အစား
များကို ​ရွှေချည်​နှင့်ပိုးချည်​ ​ဖောက်​၍ရက်​လုပ်​​ကြပြီး အဖိုးတန်​သား​မွှေးများဖြင့် တန်​ဆာဆင်​ကြသည်​။သို့ရာတွင်​ ထိုအဝတ်
များကို ဘယ်​​တော့မှ မ​လျှော်​ဖွတ်​ကြ​ပေ။ယင်းမှာ အဝတ်​များကို မြစ်​​ရေဖြင့်​လျှော်​ဖွတ်​လျှင်​ မြစ်​​စောင့်နတ်​မကြိုက်​ဟု အယူ
သည်းကြ​သော​ကြောင့် ဖြစ်​သည်​။ထိုအတူ ​ရေလည်းမချိုကြ​ပေ။ထို​ကြောင့် ဥ​ရောပတိုက်​သားတို့က လွန်​စွာညစ်​ပတ်​​သော
လူမျိုးဟု​ခေါ်ကြသည်​။
မွန်​ဂိုလူမျိုးတို့သည်​ စစ်​တိုက်​ရာတွင်​ ဇွဲကြီး​သောသူများလည်းဖြစ်​သည်​။အ​ရေးတကြီးစစ်​တိုက်​စရာရှိလျှင်​ ဆယ်​ရက်​​လောက်​​ဝေး​သော ခရီးကိုပင်​ ထမင်းမစား ၊ဟင်းမစားဘဲ မြင်းနှင့်ချီတတ် တတ်ကြသည်။ဆာလာလျှင်မူ မြင်း၏ေ​​သွး
ကြောကို​ဖောက်၍စုတ်ေ​​သာက်ကြသည်။ထိုအတူ​​​ယင်း​တို့သည်​ဆန်​စပါးမစိုက်​ပျိုးတတ်​ကြသဖြင့် ယင်းတို့​မွေးမြူထား​သော တိရိစ္ဆာန်​မှ နို့နှင့်အသားများကိုသာစား​သောက်​ကြသည်​။
မွန်​ဂိုလူမျိုးတို့သည်​ ဗုဒ္ဓဘာသာဝင်​များနှင့် ခရစ်​ယာန်​ဘာသာဝင်​များကဲ့သို့ပင်​ တန်​ခိုးဣဒ္ဓိပါဒ်​ရှိ​သော နတ်​များနှင့်ယုတ်​နိမ့်
သော ​တ​စ္ဆေ၊သရဲများကို ယုံကြည်​ကြ၏။ ယင်းတို့သည်​ တရုတ်​ပြည်​ကို ဂျင်​ဂျစ်​ခန်​လက်​ထက်​ ၁၂၃၂ ခုနှစ်​ကစ၍ တိုက်​ခိုက်​ကြရာ တရုတ်​တို့၏ တရားဝင်​ ဧကရာဇ်​ဘုရင်​၏ ခုခံမူကို အပြီးသတ်​​အောင်​မြင်​​သော ၁၂၇၆ ခုနှစ်​အထိ ကာလ​တောင်
တာရှည်​လျားကြာမြင့်​အောင်​ ဇွဲ​ကောင်း​ကောင်းနှင့် တိုက်​ခိုက်​ခဲ့ကြသည်​။သိမ်းပိုက်​ပြီး အစကဦးတွင်​ ဥ​ရောပမှာ ကျင့်သုံးသလိုပင်​ တရုတ်​များအ​ပေါ်တွင်​ ရက်​ရက်​စက်​စက်​သတ်​ဖြတ်​ညှင်းပန်းခဲ့ကြသည်​။ထို
ကြောင့်တရုတ်​တို့ကတရုတ်​ပြည်​တွင်​​ဘီးလူး၊သဘက်​ဟုသာယူဆခဲ့ကြသည်​။ယင်းတို့သည်​ သာမန်​အရပ်​သူအရပ်​သားများကိုပင်​အုပ်​လိုက်​သင်းလိုက်​ ​ထောင်​နှင့်ချီပြီ သတ်​ဖြတ်​ဖြစ်​ခဲ့​သော​ကြောင့် ယခင်​က လူဦး​​ရေ သန်း​ပေါ်င်း၁၀၀ခန့်ရှိ​သော တရုတ်​ပြည်​တွင်​ သန်း၆၀ခန့်သာ ကျန်​ရှိခဲ့ရသည်​။
မင်းဆက်​​ဝေ
ကိုးကား
ဦးလှဒင်​၏မာကိုပိုလို

No comments:

Post a Comment

ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်