Wednesday, April 15, 2015

ဖ​လော့ရင့်နိုက်​တင်​​ဂေး

ကျွန်​​တော်​၏ဘ​လော့များ
Blog-10
ဖ​လော့ရင့်နိုက်​တင်​​ဂေး(၁၈၂၀_၁၉၁၀)
ဖ​လော့ရင့်နိုက်​တင်​​ဂေးသည်​ ​ခေတ်​မှီ​သော သူနာပြုနည်း
တို့ကို စတင်​တီထွင်​အသုံးပြု၍ ကရိုင်​မီးယားစစ်​အတွင်း စစ်​​မြေပြင်​သူနာ
ပြုလုပ်​ငန်းတွင်​ အသိအမှတ်​ပြုခြင်းခံရ​သော အဂ်​လိပ်​အမျိုးသမီးသူနာပြု
ဆရာမတစ်​​ယောက်​ပင်​ဖြစ်​သည်​။သူမကို ၁၈၂၀တွင်​ အီတလီပြည်​ ဖ
လော့ရင့်မြို့မှာ ​မွေးဖွားခဲ့ပြီး မိဘများလုပ်​ငန်းရှိရာ အဂ်​လန်​ပြည်​ ဒါမီရှိုင်း
ယားမြို့မှာကြီးပြင်းခဲ့သည်​။သူမသည်​ က​လေးဘဝကပင်​ ​ခြေကျိုးသွား
သော ​ခွေးက​လေးတစ်​​ကောင်​ကို အရိုးဆက်​​ပေးခြင်းနှင့်ကျပ်​စည်း​ပေး
ခြင်းများပြုလုပ်​​ပေးခဲ့သည်​။ထို​နောက်​ ရွာတွင်းရှိ ဆင်းရဲနွမ်းပါး​သော သူ
အိုသူနာများအား အိမ်​တိုင်​ရာ​ရောက်​ ​ဆေး​ပေးမီးယူ ပြုလုပ်​​ပေးခဲ့သည်​။
ထိုသို့ဖြင့် သူမသည်​ သူနာပြုလုပ်​ငန်းကို ထိထိ​ရောက်​​ရောက်​လုပ်​ကိုင်
လို​သော ဆန္ဒများ ပြင်းထန်​လို့လာခဲ့သည်​။သူမိဘများကမူ သူနာပြုလုပ်
ငန်းကို လုပ်​ကိုင်​​စေလိုခြင်း မရှိခဲ့​ပေ။ထို​ကြောင့် သူမကို စိတ်​​ပြောင်းသွား
အောင်​ အီဂျစ်​ပြည်​သို့ ၁၅၄၉ ခုနှစ်​တွင်​ အလည်​အပတ်​သွားခိုင်းခဲ့သည်​။
သို့​သော်​ သူမသည်​ အီဂျစ်​ပြည်​​ရောက်​လျှင်​ အက်​လတ်​ဇီးယားရှိ သီလရှင်
ကျောင်းများနှင့် ​ဆေးရုံများသို့ သွား​ရောက်​​လေ့လာသည်​။တစ်​ဖန်​ ထိုမျှ
နှင့် အားမရ​သော​ကြောင့် ဂျာမနီနိုင်​ငံရှိသူနာပြုအတတ်​သင်​​ကျောင်းသို့
သွားကာ စနစ်​တကျ​လေ့လာသင်​ယူပြန်​၏။ထိုအပြင်​ လန်​ဒန်​နှင့် အက်
ဒင်​ဗာရာမြို့ရှိ ​ဆေးရုံများတွင်​ သူနာပြုအတတ်​ကို ထပ်​မံသင်​ကြားပြီး
၁၈၅၃ခုနှစ်​တွင်​ ပြင်​သစ်​နိုင်​ငံပဲရစ်​မြို့၌ သူနာပြုအဖွဲ့ ဖွဲ့စည်းတည်​​ထောင်
ရေးတွင်​ ပါဝင်​ခဲ့သည်​။ထို​နောက်​ အဂ်​လန်​ပြည်​သို့ပြန်​လာကာ လန်​ဒန်
မြို့၊ချန်​ဒိုလမ်းရှိ အမျိုးသမီး​ဆေးရုံတွင်​ ​ဆေးရုံအုပ်​အဖြစ်​ ဝင်​လုပ်​ကိုင်​ခဲ့
သည်​။ထိုအချိန်​တွင်​ သူမ၏အသက်​မှာ ၃၃နှစ်​အရွယ်​ရှိပြီဖြစ်​သည်​။ထို
ဆေးရုံတွင်​ တစ်​နှစ်​မျှ လုပ်​ကိုင်​ပြီး​နောက်​ ဥ​ရောပတိုက်​တွင်​ ကရိုင်​မီယန်
စစ်​ပွဲ ဖြစ်​ဟွး​လေရာ ဒဏ်​ရာရရှိ​သော စစ်​သားများအား ကြိုးပမ်းကုသ
ပေးခဲ့သည်​။ ထိုသို့စစ်​အတွင်း ကူညီထမ်း​ဆောင်​​ပေးခဲ့သည်​ကို အသိအ
မှတ်​ပြု​သောအားဖြင့် တိုင်းပြည်​မှ သူမကို ​ရွှေဒဂါး​ပေါ်င်းငါး​သောင်းခန့် ချီ
မြှင့်ခဲ့သည်​။ ထို​ငွေများကို သူမသည်​ ကိုယ်​ကျိုးအတွတ်​ အသုံးမပြုဘဲ နိုင်
တင်​​ဂေးဟူ​သောအမည်​ဖြင့် သူနာပြုဌာနတစ်​ခုကို ဖွင့်လှစ်​​ပေးခဲ့သည်​။
ထို​နောက်​ သူမသည်​ ၁၉၁၀ခုနှစ်​ သြဂုတ်​ ၁၃ရက်​​နေ့တွင်​ ကွယ်​လွန်
သွားခဲ့ရှာသည်​။
ကိုးကား=မြန်​မာစွယ်​စုံကျမ်း
Apil16.2015
Minsetwai

No comments:

Post a Comment

ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်