Monday, April 20, 2015
နှစ်ရောင်စပ်ထားတဲ့ကောင်းကင်
minsetwai၏အမှာ
ကျွန်တော်သူငယ်ချင်းတွေ ကဗျာတွေကို ဆာလောင်နေကျရောပေါ့။ကဗျာဆိုတာ လူ့ရဲ့စိတ်ကို အကောင်းဆုံးဖော်ပြပေးနိုင်တဲ့ နေရာတစ်နေရာပဲမှတ်လား။ဒါကြောင့်လည်း ကျွန်တော်ကဗျာတွေရေးဖြစ်ပါတယ်။အခုအွန်လိုင်း
ပေါ်တင်မယ့် ကျွန်တော်ကဗျာစာအုပ်ကို နည်းနည်းလေး ထူးခြားထားပါတယ်။အဲဒါက ကျွန်တော်ကဗျာတွေတင်မဟုတ်ဘဲ
တခြားကဗျာဆရာမတစ်ယောက်ရဲ့ကဗျာတွေကိုပါ ဖတ်ရူရမှာဖြစ်ပါတယ်။အဲဒီကဗျာဆရာမနာမည်က snow hninnပါ။ ကျွန်တော်က သူကို လေးစားတဲ့အနေနဲ့ မနှင်းလို့ပဲခေါ်ပါတယ်။သူနဲ့ကျွန်တော်နဲ့ စတင်ဆုံဖြစ်တာကမြန်မာသူငယ်ချင်းများ
ဝက်ဆိုဒ်မှာပါ။ဧဒင်ဥယျာဉ်၊ပျော်စရာကမ္ဘာလေး၊စသကဲ့သို့မြန်မာဝက်ဆိုဒ်များ ဖျတ်သိမ်းသွားကြလို့ ပြည်တွင်းဝက်ဆိုဒ်တွေမှာ ကဗျာရေးဖို့ စိတ်ပျတ်လာတဲ့အချိန် မနှင်းက မြန်မာသူငယ်ချင်းများဆိုဒ်မှာ နာမည်ရနေပြီး ကျွန်တော်ကို ကဗျာတွေ ဆက်ရေးဖို့ တွန်အားပေးနိုင်ခဲ့တယ်။ကျွန်တော်တို့ ဘယ်လောက်ရေးရေး ဒီမြန်မာသူငယ်ချင်းများဆိုဒ် ဖျတ်သိမ်းလိုက်ရင် ကျွန်တော်တို့ ရေးထားသမျှ ရေစုန်မျှော်မယ်ဆိုတာ ကျွန်တော်သိပါတယ်။အဲဒါနဲ့ပဲ မနှင်းအားကိုးနဲ့အဲဒီဆိုဒ်မှာ ကဗျာတွေ ဆက်တင်ခဲ့တယ်။သူက
လည်း အဲဒီဆိုဒ်က ဘလော့ကာ တော်တော်များများကို အင်တာဗျုးလုပ်ပြီးသူတို့ရေးခဲ့တဲ့အကောင်းဆုံးတွေကိုပြန်လည်တူးဖော်
နေတယ်။ အဲဒီမှာ မနှင်းက ကျွန်တော်ရဲ့ဘလော့တွေ၊ ကဗျာတွေကိုပြန်လည်တူးဖော်ဖို့ ကျွန်တော်ကို ပြောလာတယ်။ ကျွန်တော်လည်း အရမ်းပျော်တာပေါ့။ဘာလို့ပျော်တာလဲဆိုတာ ကိုယ်ရေးတာလေးတွေကိုကောင်းတယ်လို့
သတ်မှတ်ခံရတော့မှာမို့လိုပါ။ဒါပေမယ့် ကျွန်တော်စိတ်ကူးတွေ ရေစုန်မျှော်သွားပါတယ်။ဘာကြောင့်ဆို အကြောင်းတစ်ခုခုကြောင့် မြန်မာသူငယ်ချင်းများဆိုဒ်ဟာ ပိတ်ပစ်လိုက်ပါတယ်။သူရော၊ကျွန်တော်ရော ဘလော့ဆိုဒ်ကိုယ်စီထောင်ထားတာ မှန်ပေမယ့်
ကျွန်တော်တို့ ဘလော့ဆိုဒ်ကို လူတစ်ရာမှာတစ်ယောက် ဝင်ကြည့်ဖို့ဆိုတာ ခက်ခဲပါတယ်။အဲဒါကြောင့် ကျွန်တော်တို့ဟာ ပြည်တွင်းဝက်ဆိုဒ်တွေကို အားပြုရပ်တည်ခဲ့ကြခြင်းဖြစ်ပါတယ်။ဘာဖြစ်ဖြစ် အဲဒီဝက်ဆိုဒ်တွေ ကျဆုံးသွားသော်လည်း ကျွန်တော်တို့မကျဆုံးသေးပါဘူး။ဒါကြောင့် ရေးစရာနေရာရှားပါးလို့ လဲလုလုဖြစ်နေတဲ့ မနှင်းကို ကျွန်တော်ကပြန်ပြီးကဗျာတွေရေး
ဖို့အားပေးရပါတယ်။လူချင်းမတွေ့ဖူးသည့်တိုင်အောင် ကဗျာဆိုတဲ့အရာအတွတ်ကျွန်တော်တို့ကြိုးစားအားထုတ်ခဲ့ကြပါတယ်။
ဒါကြောင့် ကဗျာစာအုပ်လေးကို နှစ်ရောင်စပ်ထားတဲ့ကောင်းကင်လို နာမည်ပေးထားပြီး အခြားသောထပ်စပ်လာမယ့်
အရောင်တွေကိုစောင့်မျှော်လျှက်ရှိပါကြောင်း ပြောပြလိုပါတယ်ခင်ဗျ။
5.4.2015
Minsetwai
Subscribe to:
Post Comments (Atom)

No comments:
Post a Comment
ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်