Monday, April 20, 2015

နှစ်ရောင်စပ်ထားတဲ့ ကောင်းကင် SNOW HNINN ၏ စကားသံ မင်္ဂလာပါ... နှစ်ရောင်စပ်ထားတဲ့ကောင်းကင် ကဗျာစာအုပ်မှာပါဝင်ခွင့်ရမယ်ဆိုတော့ အမ ကံကောင်းတာပေါ့... ဒါပေမယ့် နှစ်ရောင်စပ်ထားတဲ့ကောင်းကင် စာအုပ်ကလေး အမကဗျာတွေကြောင့်အရောင်မတောက်မှာတော့စိုးရိမ်မိပါတယ် အမ ကိုလက်တွဲခေါ်တယ်ဆိုတာ ကံကောင်းမှုတစ်ခုပဲလို့ အမ ခံစားမိပေမယ့် ကိုယ့်ကို အားမရတာတော့အသေအချာပဲ .... ကိုယ့်ကိုတော့ စိတ်မပျက်သွားဖို့တော့အားပေးမိပါတယ် ဒါပေမယ့်လဲ ဒါပေမယ့်ပေါ့.... ပထမဆုံးတောင်းဆိုချင်တာက ကလောင်နာမည်ကို Snow Hninn ပဲ သုံးပါရစေ... ကဗျာတွေ စရေးကတည်းက ဒီနာမည်နဲ့ပဲရေးဖြစ်လို့ပါ စိတ်ဓာတ်ကျလွန်းနေတဲ့သူကို အခုလိုတွဲခေါ်နေတဲ့ သူငယ်ချင်းကို အရမ်းပဲကျေးဇူးတင်ပါတယ်... နောက်ပြီး နှစ်ရောင်စပ်ထားတဲ့ ကောင်းကင် အကြောင်း အသေးစိတ် ပြောပြပေးပါ... အမ ကလည်း အရောင်တစ်ရောင်အနေနဲ့ပါဝင်ခွင့်ရတဲ့ ကောင်းကင်မို့ လိုအပ်ချက်တွေကိုလည်းပြောပြပေးပါ... အခု စာအုပ်လေးဖြစ်မြောက်ခဲ့ရင် အမ ဘ၀အတွက် မိုင်တိုင်လေးတစ်ခုဖြစ်နေမှာပဲဆိုတော့ အမလည်း စိတ်ပါလက်ပါ ကြိုးစားပါရစေ... အချိန်ပေးနိုင်မယ်ဆိုရင် ဘယ်အပုဒ်မှာ ဘယ်လို မျိုး လိုအပ်ချက်လေးတွေရှိနေတယ်ဆိုတာ ပြောပေးပါ... ကျေးဇူးတင်ပါတယ် SNOW HNINN

No comments:

Post a Comment

ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်