Wednesday, June 3, 2015

မင်းဆက်​​ဝေ_ပါးစပ်

နှစ်​​ရောင်​စပ်​ထားတဲ့​ကောင်​ကင်​(၁၆)
ပါးစပ်

စွတ်​စွဲ တံဆိပ်​ကပ်​ကြတာ​တွေများ
ကိုယ်​မှာ သံ​ချေးတတ်​လာလို့
ပုတ်​​စော်​နံ​နေတဲ့ အာခံတွင်းထဲက
အလိမ္မာသုံးပြီး ကိုယ်​လွတ်​ရုန်းထွက်​နိုင်​ရင်​​တောင်
မရိုးသာဘူး
မမှန်​ကန်​ဘူး
မမျှတဘူး
အဲလိုဘူး​ပေါ်င်းများစွာနဲ့
ခွေးမြီး​ကောက်​ ​ကျည်​​တောက်​စွတ်​ဆိုပဲ
ဒီလိုနဲ့
ပြောစရာစကားမရှိတဲ့အခါ
ခြေကုန်​လက်​ပန်း ကျတဲ့အထိ
အကြည့်​တွေနဲ့ ​ပြော​နေကြပုံများ
ကိုယ်​မှာ
မြေနိမ့်မှာ လှံစိုက်​ခံထားရသလို....။
Sep 30.2013
Minsetwai

No comments:

Post a Comment

ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်