Monday, June 8, 2015

Snow hninn_ကြယ်​​ကြွေ​တေး

နှစ်​​ရောင်​စပ်​ထားတဲ့​ကောင်းကင်​(၁၇)

 
*ကြယ်ကြွေတေး*

နေရောင်လောက် ငါအလင်းမပေးနိုင်ပါဘူး
လရောင်နဲ့လည်း ငါမယှဉ်ဝံ​ဘူး
နင့်ဘ၀တွက်တော့
မှိန်ပြပြအလင်းလေးနဲ့
မှောင်မိုက်တဲ့မင်းရဲ့ညတွေမှာ
ထွန်းလင်းပေးမယ့်
လမ်းပြကြယ်ကလေးသာသာပါ....

နင်ဖြစ်ချင်တဲ့ဆန္ဒ
နင်တမ်းတတဲ့မျှော်လင့်မှုတွေ
နင်လိုချင်တဲ့ပျော်ရွှင်မှုတွေ
နင်ဖန်တီးလိုတဲ့ဘ၀တွေတွက်
ငါရဲ့ကြွေလွင့်မှုတွေက
နင့်ဘ၀ဆုတောင်းပြည့်နိုင်မယ်ဆို
နင်ဆုတောင်းတိုင်း
ငါ...........................
အတောက်ပဆုံးကြွေလွင့်ပေးပါ့မယ်
Snow Hninn

No comments:

Post a Comment

ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်