Tuesday, June 16, 2015

Minsetwai-ရင်​ပူ

ရင်​ပူ

အတိတ်​​တွေအ​ရေခွံလဲပြီး
ပစ္စုပ္ပန်​နဲ့ ခပ်​တည်​တည်​လမ်းသလားလာခဲ့တယ်
ရင်​ဘတ်​ထဲ ဘာမှမထည့်​ကြေး
ဦး​နှောက်​ကို အလုပ်​မ​ပေး​ကြေး
အဲလို ဘက်​တူညီမယ့် အ​ဖော်​တစ်​​ယောက်​​တော့ လို​နေတယ်
အိမ်​ကထွက်​လာကတည်းက လူအသစ်
နှလုံးသား ဆား​ရေစိမ်​လို့ဖြစ်​၊မဖြစ်​/သင့်၊မသင့်
စကား​တွေ စိမ်​​ပြေန​ပြေမ​ပြော​တော့ဘူး
ရော့...ဒီပါမုန့်ကိုယူပြီး
မီးကင်​စားကြည့်
အရသာရှိတယ်​ရယ်​မဟုတ်​ဘူး
ဗိုက်​ထဲ​တော့
သွင်းတတ်​ရင်​ဝင်​တာပဲ​လေ
အဲလိုနဲ့
ကိုယ်​မျတ်​လုံးက
မီးကင်​ရမယ့်
ပေါင်​မုန့်​တွေကို ​ဖွေရှာဆဲ.........။
17.4.15
Minsetwai

No comments:

Post a Comment

ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်