Saturday, June 20, 2015

Snow hninn-လွမ်းရစ်​​လေဦး

နှစ်​​ရောင်​စပ်​ထားတဲ့​ကောင်းကင်​(၂၁)

ကဗျာ (၁၂)

*လွမ်း ရစ် လေ ဦး*
ကြင် နာ ခြင်း တွေ
လမ်း ပျောက် လို့ နွမ်း လျ ချိန်
နာ ကျင် ခြင်း တွေ
အ စား ထိုး ၀င် ရောက် ပြီး နောက်
အ ချစ် ရေ
လွမ်း ရစ် လေ ဦး...
ဝေးကွာ ခြင်း တွေ
ဆိုင်း မ ဆင့် ဗုံ မ ဆင့်
ရောက် လာ ပြီး ချိန်
တမ်း တ ခြင်း တွေ
ရှင် သန် ၀င် ရောက် လာ ပြီ မို့
အ ချစ် ရေ
လွမ်း ရစ် လေ ဦး...
ကံ ကြ မ္မာ အ လို ကျ
ဆက် က ရ မည် မို့
ငို ချင်း တွေ သံ စဉ် လုပ် လို့
အ ချစ် ရေ
နှုတ် မ ဆက် ပဲ
လွမ်း ရစ် လေ ဦး....
ပြိုရမည့် မိုး တိမ်
မျက် ၀န်း တွေ စို နေ လည်း
အ ပြုံး လေး နဲ့ ဆင့် ကာ ခွန်း လို့
ချစ် ဆဲ ချစ် လို့ နေ မည် သာ ဟု
ရင် တွင်း မိုး တွေ ထစ် ချုန်း ရင်း
အ ချစ် ရေ
လွမ်း ရစ် လေ ဦး...
မည် သို့ ပင် မည် သို့ ဖြစ် စေ လာ
အ ချစ် ရေ
ငါ တို့ တွေ သာ
ပိုင် ဆိုင် ဦး မည့်
အ လွမ်း တေး တွေ ကို သာ
ရင် တွင်း တီး တိုး ဆို ရင်း
လွမ်း ရစ် နေ ဦး စို့ ....
5 may 2015
Snow hninn

No comments:

Post a Comment

ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်