Friday, August 7, 2015

မင်း​ဆက်​​ဝေ =ဗယ်​ဗီလုန်း

ကျွန်​​တော်​၏ဘ​လော့များ
Blog-12
သမိုင်းထဲက ​ဗယ်​ဗီလုန်း
ဗယ်​ဗီလုန်းနီးယားနိုင်​ငံကို ဘီစီ ၁၈ ရာစုတွင်​ ဟမ်​မူရာဗီ​ခေတ်​က
(Hammurabi)ဘုရင်​မှ ပြိုင်​ဘက်​အိမ်​နီးချင်းနိုင်​ငံများအား သိမ်းယူ
နိုင်​ခဲ့ပြီး​နောက်​ ဗယ်​ဗီလုန်းအင်​ပါယာအဖြစ်​ တည်​​ထောင်​ခဲ့ခြင်း
ဖြစ်​သည်​။ ထိုသို့ အင်​ပါယာ ထူ​ထောင်​နိုင်​ခဲ့ခြင်း​ကြောင့် ဟမ်​မူရာဗီမှာ
ဗယ်​ဗီလုန်းသမိုင်းတွင်​ အ​ပြောင်​​မြောက်​ဆုံးဘုရင်​တစ်​ပါး ဖြစ်​ခဲ့သည်​။
ဗယ်​ဗီလုန်းနီးယားယဉ်​​ကျေးမူနှင့် ပတ်​သတ်​ပြီး ဟမ်​မူရာဗီ​ခေတ်​က ကျန်
ရစ်​ခဲ့​သော ရွံပြားစာ​ပေနှင့် ​ကျောက်​စာများကို ပညာရှင်​များ ​လေ့လာကြည့်ခဲ့ကြရာ ဗယ်​ဗီလုန်းနီးယားတို့၏ ယဉ်​​ကျေးမူသည်​ ဆူမာ
ရီယန်​ လူမျိုးများထံမှ အ​မွေရခဲ့ခြင်းသာဖြစ်​ပြီး ယင်းတို့၏ယဉ်​​ကျေးမူ လက်​ရာများမှာ ကုန်​သွယ်​မူပညာ၊စာ​ပေပညာ၊သိပ္ပံပညာ၊အနုပညာများ
ပင်​ဖြစ်​သည်​။
ဗယ်​ဗီလုန်းနီးယန်းတို့သည်​ နတ်​ဘုရားအမျိုးမျိုးကို ကိုးကွယ်
ကြသည်​။ ထိုနတ်​ဘုရားများသည်​ လူတို့၏စိတ်​ထဲတွင်​ ခံစား​နေရ​သော
ဝေဒနာများကို သိရှိနိုင်​ပြီး လူသားတို့ကို ကူညီ​စောင်​မ​ပေးနိုင်​သည်​ဟု
ယင်းတို့က ယုံကြည်​ခဲ့ကြသည်​။ထိုအထဲမှ မြို့​စောင့်နတ်​ဆို​သော မာဒွတ်​(MARDUK)ကို ပိုပြီးအထူးတလည်​ ကိုးကွယ်​ကြသည်​။ဗယ်​ဗီ
လုန်းမှ နတ်​ဆရာများကလည်း မာဒွတ်​၏ တန်​ခိုးကြီးမားပုံကို ​ဖော်​ထုတ်
ဟော​ပြောကြသည်​။ထို​ကြောင့်ပင်​ ​​​ဗယ်​​ဗီလုန်းရှိ နတ်​နန်းများမှာ ​ရှေးဆူမာရီယန်​​ခေတ်​နတ်​ကွန်းများထက်​ အ​ဆောင်​အ​ယောင်​ပိုများလာခဲ့
သည်​။ထိုသို့များလာသည်​နှင့်အမျှ ပူ​ဇော်​ပသမူလုပ်​ငန်းများလည်း ကျယ်
ဝန်းလာကာ ဘာသာ​ရေးအသင်းတစ်​ခုကဲ့သို့ဖြစ်​လာခဲ့သည်​။ယင်းတို့၏
နတ်​များကို ပူေ​ဇာ်​ပသ​ရေးတွင်​လည်း ဒူး​နေရာ​ဒူး၊ ​တော်​​နေရာ​တော်​ ခွဲခြားထားလာခဲ့သည်။ပူ​ဇော်​ပသ သူများအား ခွဲခြားပြီး ဝင်​ခွင့်ပြု၏။သ
မိုင်း​ကြောင်းတွင်​ ဗယ်​​ဗီလုန်းနီယန်းတို့အတွတ်​ အမှတ်​ရ​စေသည်​မှာဘာ
ဘယ်​ရဲတိုက်​​မျှော်​စင်​ပင်​ဖြစ်​သည်​။ယင်းတို့သည်​ ထို​မျှော်​စင်​ကို အတ္တီမီနန်​ကီဟု ​ခေါ်ခဲ့ကြ၏။ထိုအမည်​၏ အဓိပ္ပါယ်​မှာမူ ကမ္ဘာ​မြေ
နှင့် ​ကောင်းကင်​ဘုံတို့၏ အုတ်​မြစ်​ဟူ၏ ။ဗယ်​ဗီလုန်းဆိုသည်​ကမူ ဘုရား
သခင်​၏ဂိတ်​ဝဟု ဆိုထားကြ​ပေသည်​။
Aug 7.2015
Minsetwai

No comments:

Post a Comment

ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်