Monday, August 3, 2015

Minsetwai-ဗိဿနိုးမြို့

ကျွန်​​တော်​၏ဘ​လော့များ
Blog-11
ဗိဿနိုးမြို့
သု​တေသန အ​ထောက်​အထားများအရ ဗိဿနိုးမြို့ဟူသည်​ မြန်
မာနိုင်​ငံ၏ အ​စောဆုံးမြို့ပြနိုင်​ငံတစ်​ခုပင်​ဖြစ်​သည်​။ဗိဿနိုးယဉ်​​ကျေးမူ
ထွန်းကားသည့်ကာလကို သက္ကရာဇ်​အတိအကျ ညွှန်​ပြသည့် ကမ္ဗည်း
ကျောက်​စာနှင့် အ​ရေးအသားများမ​တွေ့ရ​သော်​လည်း မည့်သည့်ရာစုနှစ်
အတွင်း ကျ​ရောက်​ခဲ့သည်ဆိုသည့် ကိုးကားခန့်မှန်းချက်​ အ​ထောက်​အထားများ​တော့ ရှိ​ပေသည်​။ထိုအ​ထောက်​အထားများအရ ဗိဿနိုးမြို့သည်​ ​အေဒီ ၁ ရာစုခန့်မှ စတင်​ပြီး ​အေဒီ ၄ရာစုမှ ၅ရာစု
အတွင်း ကုန်​ဆုံးခဲ့ကာ အိမ်​​ထောင်​စု တစ်​သိန်း​ကျော်​ခန့်ရှိခဲ့သည်​ဟူ၏
ဗိဿနိုးမြို့၏ ပထမမင်းဆက်​မှာ နန်းခမ်းဖြစ်​သည်​။ဒုတိယ မင်းဆက်​မှာ စန္ဒာဓိကာရာမ၊တတိယမင်းဆက်​မှာ ​စော​ဒေဝရာဇာ၊စတု
တ္ထမင်းဆက်​မှာ ​စောထိပ်​တင်​နှင့် ပဉ္စမမင်းဆက်​မှာ ပန်​ထွာဘုရင်​မတို့
ပင်​ဖြစ်​သည်​။ထိုဗိဿနိုးမြို့ဖြစ်​ပုံလာပုံကို ​လေ့လာမိ​သောအခါ ​ဂေါတမ မြတ်​စွာဘုရား ပရိနိဗ္ဗာန်​စံလွန်​​တော်​မူပြီး​နောက်​ သာသနာသက္ကရာဇ်
၅၉ခုနှစ်​အ​ရောက်​တွင်​ဖြစ်​​ချေသည်​။
သင်းတွဲပြည်​ကြီးမှ မဟာသမ္ဘဝနှင့် စူဠသမ္ဘဝ မည်​​သော မင်းသားနှစ်​ပါးအား မျတ်​စိမမြင်​​သော​ကြောင့် ​ဖောင်​​ပေါ်တွင်
စားဖွယ်​အပြည့်အစုံတင်​၍ ​ရေ​မျှောလိုက်​ကြသည်​။ထိုအခါ ဧရာဝတီ မြစ်
ကြီးအတွင်းမှ စစ်​ကိုင်းအရပ်​ရှိ ​ရွှေနံကိုင်​အမည်​ရ​သော ဘီလူးမသည်​ ညီ​နောင်​နှစ်​ပါး ပွဲ​တော်​တည်​​နေစဉ်​ ဝင်​​ရောက်​ခိုးစားရန်​အားထုတ်​သည်
ဟူ၏။သို့​သော်​ ထိုဘီးလူးမအား မင်းသားနှစ်​ပါးမှ လက်​ရဖမ်းဆီးမိ​လေ
သည်​။ထို​နောက်​ မင်းသားတို့သည်​ ဘီးလူးမ​ပေါ်တွင်​ သာယာစိတ်​ဖြစ်
ပေါ်ကာ ကျူးလွန်​မိကြကုန်​၏ ထိုမှတစ်​ဆင့် ဘီးလူးမတွင်​ ပဋိသ​န္ဓေ
တည်​​လေရာ ဘီးလူးမသည်​ ကြင်​နာ​သောအားဖြင့် မင်းသားနှစ်​ပါးအား
မျတ်​စိအလင်းရ​အောင်​ ကုသ​ပေးခဲ့သည်​။
ဘီးလူးမသည်​ ​တောင်​တွင်းကြီးမြို့ အ​နောက်​ဘက်​ ၅မိုင်​ခန့် အကွာရှိ ​တောအရပ်​သို့ ​ရောက်​လျှင်​ ကမ္ဗဇလ လှုပ်​ပြီး သမီးငယ်
တစ်​ပါးဖွားမြင်​ခဲ့သည်​။ထို​တောအရပ်​မှာပင်​ တစ်​ဦးတည်း​တောမှီ၍ ကမ္မဋ္ဌာန်းတရားစီးဖြန်းကာ သီတင်းသုံး​နေ​သော ရ​သေ့တစ်​ပါးလည်းရှိ
နေ​လေသည်​။ထိုရ​သေ့သည်​ ​နေ့စွမ်းအလိုဌာ သစ်​သီးများရှာ​ဖွေရန်​ ကြွ
တော်​မူ​လေရာ ဘီးလူးမသားအမိကိုမြင်​လျှင်​ထိုဘီလူးမသည်​ သူများသားသမီးအား ခိုးယူစား​သောက်​သည်​ ထင်​မှတ်​ပြီး မန္တန်​ရွတ်​ဖတ်
ခြောက်​လှန့်လွှတ်​​လေသည်​။ထို​နောက်​ ထိုရ​သေ့သည်​ ထိုသမီးငယ်​အား
ကျွေး​မွေး​စောင့်​ရှောက်​ခဲ့၏။
သမီးငယ်​​လေးသည်​ အရွယ်​​ရောက်​ကာ မိန်းမပျို​လေးဖြစ်
လာပါသည်​။ထို​ကြောင့် ရ​သေ့သည်​ မာတုကာမနှင့် အတူ​နေထိုင်​ခြင်းဌာ
မသင့်​လျော်​​လေ​သော​ကြောင့် မိန်းမပျို​လေးကို စွန့်ပစ်​ခဲ့သည်​။မိန်းမပျို
လေသည်​ ဝမ်းနည်းလွန်း​သော​ကြောင့် ​တော​စောင့်နတ်​၊​တောင်​​စောင့်
နတ်​များကို တိုင်​တည်​ငို​ကြွေး​လေသည်​။ထိုအခါ ယခင်​ဘဝမှ မိန်းမပျို
လေးနှင့် ​မောင်​နှမအရင်း​တော်​စပ်​ခဲ့ဖူး​သော ဗိဿနိုးနတ်​မင်းကြီး ​ရောက်​လာခဲ့သည်​။ထိုဗိဿနိုးနတ်​မင်းကြီးသည်​ ထိုအရပ်​တွင်​ စတုရန်း
တာ ၄​ထောင်​ပမာဏ ကျယ်​ဝန်း​သော မြို့ထီးနန်း၊ပြဿဒ်​၊မြို့ရိုး၊ကျူံး
မြောင်းများဖြင့် တည်​​ဆောက်​ထား​သော ဗိဿနိုးမြို့ကို ဖန်​ဆင်း​ပေး
ကာ မိန်းမပျို​လေးကိုအုပ်​ချုပ်​​စေခဲ့သည်​။ထို ဗိဿနိုးနတ်​မင်းကြီးမှ ဖန်​ဆင်း​ပေး​သော​ကြောင့် ထိုမြို့အား ဗိဿနိုးမြို့ဟု ​ခေါ်ထွင်​​စေခဲ့သည်​။
Aug3.15
Minsetwai

No comments:

Post a Comment

ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်