Wednesday, October 21, 2015

မင်းဆက်​​ဝေ_မှန်​တစ်​ချပ်​ရဲ့ရာဇဝင်

မင်းဆက်​​ဝေ_အဇ္စူတ္တရိုင်း(​မော်​ဒန်​စာစုများ)
မှန်​တစ်​ချပ်​ရဲ့ရာဇဝင်
(A)
ငါ့မှာအလွန်​တရာမှထူးဆန်းတဲ့သူငယ်​ချင်းတစ်​​ယောက်​ရှိပါတယ်​။အဲဒီ သူငယ်​ချင်းက နားလည်​ရခက်​တဲ့စကား
တွေကို​ပြောတယ်​။ပြီး​တော့ ထူးဆန်းတဲ့စိတ်​ကူး​တွေကို
ချပြတယ်​။သိရခက်​တဲ့အလုပ်​​တွေကိုလုပ်​ပါတယ်​။ သူကို
ဘယ်​သူကမှနားမလည်​ကြသလို ငါကိုယ်​တိုင်​လည်း နား
လည်​ဖို့ ကြိုးစား​နေရဆဲပါ။သူက​ပြောတယ်​။သူ့စိတ်​​တွေ
ဟာ သူရဲ့အိမ်​မက်​။သူမှာဘာမှမရှိတဲ့။သူက ဆာ​လောင်
မွတ်​သိတ်​ခြင်းများကိုမုန်းပြီး နာရီနဲ့ပြက္ခဒိန်​ကို အလုပ်​ရှုပ်
စေတဲ့ပစ္စည်းလို သတ်​မှတ်​ပြန်​တယ်​။ပြီး​တော့ သူလုပ်​ချင်
ရာလုပ်​ခွင့်ရမယ်​ဆိုရင်​တဲ့ အနီ​ရောင်​ကို လူ​တွေမမြင်
အောင်​ဝှတ်​ထားချင်​သတဲ့​လေ။ပြီး​တော့ သက်​ရှိ​တွေ ဘယ်​လိုဖြစ်​တည်​လာတယ်​ဆိုတာ ​ခြေရာခံနိုင်​ရင်​ သက်
ရှိ​တွေ ဘယ်​လိုဆိတ်​သုန်းသွားမယ်​ဆိုတာ သိလာနိုင်
တယ်​လို့​ပြောပါ​သေးတယ်​။နောက်​ သူ​ပြော​သေးတာက
အနာဂတ်​မှာ ညဆိုတာ လူ​တွေအတွတ်​အိပ်​ချိန်​ မဟုတ်
တော့ဘူးတဲ့။
(ဆက်​ပါဦးမည်​)

No comments:

Post a Comment

ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်