Friday, October 23, 2015

မင်းဆက်​​ဝေ=မှန်​တစ်​ချပ်​ရဲ့ရာဇဝင်

မင်းဆက်​​ဝေ_အဇ္စူတ္တရိုင်း(​မော်​ဒန်​စာစုများ)
မှန်​တစ်​ချပ်​ရဲ့ရာဇဝင်​၂
သူရဲ့အ​တွေးအ​ခေါ်များသည်​ ထိုမျှနှင့်မပြီးဆုံး​သေး​ပါဘူး။သူဟာ
ချားလ်​ဒါဝင်​ရဲ့အဆိုကို လုံးလုံးဆန့်ကျင်​ပြီး ရူးသွပ်​သွားတဲ့ ဗင့်ဆင့်
ဗန်​ဂိုးကို အရမ်းသ​ဘောကျသူပါ။အရစ္စတိုတယ်​၊ပ​လေတိုတို့ထက်​ ဆိုက​ရေတီးကိုပဲပိုကြိုက်​တယ်​။ဆိုက​ရေတီးထက်​ ပိုက်​သာဂိုးရက်​စ်
နဲ့ ​လောင်​ဇူးကိုသ​ဘောကျတယ်​တဲ့။ပြီး​တော့ အသိပညာမရှိသူအ
တွတ်​ အနာဂတ်​တံခါးမရှိဘူးဆိုပဲ။
အဲဒီလို သူရဲ့​ကြောင်​စီစီစကား​တွေကို ငါ နားလည်​​အောင်​ ကြိုး
စားအားထုတ်​ခဲ့​ပေမယ့် နားမလည်​နိုင်​ခဲ့ပါဘူး။အဲဒါ​ကြောင့် ငါ့ သူ
ငယ်​ချင်းဟာ သူ​ပြောတဲ့စကား​တွေကို သူကိုယ်​တိုင်​​တောင်​နားလည်
ရဲ့လားလို့ ငါ့ပြန်​​မေးခွန်းထုတ်​မိပါ​တော့တယ်​။
(B)
ငါ......အိမ်​မက်​ကလန့်နိုးလာချိန်​မှာ
ငါ့ရဲ့​ကြောင်​စီစီသူငယ်​ချင်းဟာ
ငါ့နားမှာရှိမ​နေပါဘူး။
ငါ့မှာ ​ချွေး​တွေ တဒီးဒီးကျ​နေရင်း
သူရဲ့နားလည်​ရခက်​တဲ့ စကား​တွေကို
ပြန်​ကြား​ယောင်​​နေမိတယ်​။
သူ​ပြော​တော့
အိမ်​မက်​ဆိုတာ မသိစိတ်​တဲ့
ငါ​တော့ ဆု​တောင်း​နေမိတယ်
အိမ်​မက်​ဟာ အိမ်​မက်​ပဲဖြစ်​ပါ​စေလို့......။
(ဆက်​ပါဦးမည်​)

posted from Bloggeroid

No comments:

Post a Comment

ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်