မင်းဆက်ဝေ=မှန်တစ်ချပ်ရဲ့ရာဇဝင်၎
အတုဟာ သူဖြစ်ချင်တာကိုပဲ ဇွတ်တရွတ်ပြောနေခဲ့တယ်။
တွေးကြည့်ပါ။ ငါ့ရဲ့ အနာဂတ်ကိုတောင် ငါကိုယ်တိုင် သေချာရေရာ
မသိနိုင်တာ။ သူရဲ့ဘဝ အစစ်အမှန်ဆိုတာကြီးဆို ငါအတွတ် ပိုလို
ဆိုးဝါးသွားပြီ မဟုတ်ဘူးလား။
အဲဒီနောက်....
သူ ငါ့ကို အော်ဟစ်ကြိမ်းမောင်းပြီး အပြင်ထွက်သွားတယ်။
သူ အပြင်ထွက်သွားပေမယ့်
သူ အော်ဟစ်ခဲ့တဲ့အသံဟာ
ကြောက်စရာကောင်းလောက်အောင်
ငါ့အခန်းကျဉ်းလေးထဲမှာ
ဆူညံပွက်လော ရိုက်သွားခဲ့တယ်။
အဲဒီအသံက
"မင်းဘဝကိုလည်း အစိတ်စိတ်အမွှာမွှာ လုပ်ပစ်မယ်" တဲ့..။
(E)
ငါ့ရင်ထဲမှာ အေးစက်စက်ကြီးခံစားရတယ်..။
ငါ့ခေါ်င်းထဲမှာလည်း လေးလေးလံလံကြီး
အတုဟာ ငါကိုဘာကြောင့် အဲလောက်စိတ်ဆိုးသွားရတာလဲ။
ခါတိုင်း အတုဟာ ဒီလိုမဟုတ်ပါဘူး။
အခု အတုပြောသွားတဲ့စကားက
ငါ့ ရင်ထဲမှာ ဗုံးတစ်လုံးကျကွဲသွားသလိုပါပဲ။
နောက် ၁၅ မီနစ်အကြာမှာတော့ အတုဟာ
တုတ်တစ်ချောင်းနဲ့ ငါရှေ့ကိုရောက်လာတော့တာပါပဲ။
(ဆက်ပါဦးမည်)

posted from Bloggeroid
No comments:
Post a Comment
ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်