မင်းဆက်ဝေ_မှန်တစ်ချပ်ရဲ့ရာဇဝင်၃
(C)
ငါမက်ခဲ့တဲ့ အိမ်မက်ကဒီလိုပါ
အိမ်မက်ထဲမှာ ငါ့ရဲ့သူငယ်ချင်းနာမည်က အတု
သူဟာ ငါနဲ့တွေ့တိုင်း
သူရဲ့ ဘဝ အစစ်အမှန်ကို တောင်းလေ့ရှိတယ်။
တကယ်တော့
သူရဲ့ဘဝအစစ်ဆိုတာကြီးကို ငါမသိပါဘူး။
ငါသိတာတစ်ခုပဲရှိပါတယ်
အဲဒါက
ငါ့ရဲ့နာမည်ဟာ
"မှန်"
(D)
ပြောရရင် အလွန်တရာမှ အိုက်စပ်ပူပြင်းတဲ့နေ့တစ်နေ့မှာ
အတုဟာ ငါ့ဆီရောက်လာပြီ
ထုံးစံအတိုင်း သူရဲ့ဘဝအစစ်အမှန်ကို လာတောင်းတယ်။
ငါ့လည်း ကြာတော့ စိတ်ဆိုးဒေါသထွက်လာတာကြောင့်
သူကိုအာခေါ်င်ခြစ်ပြီး ပြန်အော်ပစ်လိုက်တယ်။
ဒါပေမယ့်
ငါအော်တာကို သူမကြားဘူး......။
ဘာကြောင့်များပါလိမ့်?
(ဆက်ပါဦးမည်)

posted from Bloggeroid
No comments:
Post a Comment
ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်