Sunday, November 1, 2015

မင်းဆက်​​ဝေ=မှန်​တစ်​ချပ်​ရဲ့ရာဇဝင်​၆

မင်းဆက်​​ဝေ=မှန်​တစ်​ချပ်​ရဲ့ရာဇဝင်​ မှန်​တစ်​ချပ်​ရဲ့ရာ၆
(G)
ဒီလိုနဲ့ အတုဟာ ငါ့အခန်းထဲက ​ခေါ်င်းငိုက်​စိုက်​ထွက်​သွားပြီး
မီနစ်​နှစ်​ဆယ်​​လောက်​အကြာမှာ
ငါ့အခန်းထဲကို မိန်းခ​လေးတစ်​​ယောက်​ ဝင်​လာပါတယ်​။
သူမကို ငါ​ကောင်း​ကောင်းသိတာ​ပေါ့ ။
သူမဟာ မကြာ​သေးခင်​ကမှ
အတုနဲ့ လက်​ထပ်​ထားခဲ့တဲ့ မိန်းခ​လေး​လေ ။
အခု သူမ ဘာလုပ်​မလိုပါလိမ့်။
ဘုရား​ရေ.. .။
သူမဟာ ငါရဲ့ချွန်​ထက်​မြ​နေတဲ့
အပိုင်းတစ်​ခုကို ​ကောက်​ကိုင်​လိုက်တယ်​။
ပြီး​တော့ သူမဟာ အံကိုတင်းတင်းကြိတ်​ထားတယ်​။
အဲလိုပဲ လက်​ကိုလည်း တင်းတင်းဆုတ်​ထားတယ်​။
သူလက်​ဖဝါးက​နေ ​သွေး​တွေ တစ်​​တောက်​​တောက်​ကျလာတယ်​။
သူတို့ ဘာ​တွေဘယ်​လိုဖြစ်​ခဲ့ကြပါလိမ့်။
အဲဒီအချိန်​မှာပဲ သူမဟာ အတုတုန်းကလိုမျိုး
သူမရဲ့လက်​နှစ်​ဖတ်​ကို အရှိန်​ပြင်းပြင်းနဲ့ ​မြှောက်​လိုက်​ပါတယ်​။
ငါလည်း မျတ်​စိကို အတင်းမှိတ်​ပစ်​လိုက်​မိတယ်​။
အဲဒီ​နောက်​.......။
(H)
သူမရဲ့ လက်​နှစ်​ဖတ်​ဟာ အရှိန်​ခပ်​ပြင်းပြင်း နဲ့ပြန်​ကျလာတယ်​။
(ဆက်​ပါဦးမည်​)

posted from Bloggeroid

No comments:

Post a Comment

ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်