Sunday, November 22, 2015

မင်းဆက်​​ဝေ_​ကော်​ကပ်​ထား​သောအတိတ်​၃

မင်းဆက်​​ဝေ_​ကော်​ကပ်​ထား​သောအတိတ်​၃
(C)
,တိတ်​ဆိတ်​ခြင်းကို သူဆွဲလှန်​ပစ်​လိုက်​သည်​။
"ခင်​ဗျား ပြန်​သင့်​နေပြီ"
သူစကား​ကြောင့် ထိုမိန်းမသည်​ အံသြဆန်းကြယ်​ခြင်းများနှင့်
သူမျတ်​နှာမှာ အ​ကြောင်းအရာတစ်​ခုခုကို ​တွေ့လို​တွေ့ငြား ​မျှော်​လင့်မျတ်​လုံးများဖြင့် ​စေ့​စေ့ကြည့်​နေရှာသည်​။
သူ၏ အရိုင်းဆန်​​သောစကားသည်​ သူမအတွတ်​​တော့ အဆိပ်​တစ်
ခွက်​ ဖြစ်​သွားပြီထင်​၏။သူမအတွတ်​​တော့
သူမ​ရှေ့မ ​ကော်​ဖီသည်​ ​အေးစက်​စက်​ဖြစ်​​နေသလို
သူ၏ မျတ်​ဝန်းများမှာလည်း ​အေးစက်​စက်
သူ၏စကားများမှာလည်း ​အေးစက်​စက်
သူ၏အမူအယာသည်​လည်း ​အေးစက်​စက်​ဟု ခံစား​နေရ​ပေလိမ့်
မည်​။ထိုအတူ ​ကော်​ဖီဆိုင်​ကြီးမှာလည်း ​အေးစက်​စက်​နှင့်။
ထိုသိုဖြင့် ထိုခံစားမူအသက်​မရှိ​သော အ​ခြေအ​နေကို သူမသည်
အမှန်​တစ်​ကယ်​ပင်​ စိတ်​ကုန်းခမ်းသွား​တော့သည်​။သူမသည်
ထိတ်​လန့်တကြားဖြင့် မတ်​တတ်​ထရပ်​ပြီး ဆိုင်​အပြင်​ဘက်​သို့ မျတ်
ရည်​တန်းလန်းဖြင့် က​ရော​သောပါး ​ပြေးထွက်​သွားခဲ့သည်​။
ထိုဖြစ်​ရပ်​အတွတ်​ သူမှာ ဘာမှမှတ်​တမ်း​ရေးထိုးစရာမရှိ။မ​နေ့ကသည်​ ယ​နေ့မဟုတ်​။
မ​နေ့ကဟူသည်​ မ​နေ့ည၏၁၂နာရီမှာ ကျန်​ရစ်​ခဲ့ပြီး ဖြစ်​သည်​။
ဒီ​နေ့နှင့် ဘာမှ​ဆွေမျိုးစပ်​စရာအ​ကြောင်းမရှိ​တော့။ထိုအ​ကြောင်းကို
သက်​​သေပြ​ပါဆိုလျှင်​မူ သူ​ဘေးမှ အချစ်​ဆုံးသူငယ်​ချင်း ကိုဦးသည်
သူ​ရှေ့မှ မားမားမတ်​မတ်​ရပ်​တည်​​ပေးလိမ့်မည်​ဟု သူယုံကြည်​မိပါ
သည်​။
(ဆက်​ရန်​)

posted from Bloggeroid

No comments:

Post a Comment

ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်