မင်းဆက်ဝေ_ကော်ကပ်ထားသောအတိတ် ၉
သူသည် လောကမှာ မပြောချင်ဆုံးသော စကား
တစ်ခွန်းကို ယခု ပြောရတော့မည်ဖြစ်သည်။ထို
စကားသည် နတ်ဆိုးတစ်ပါးဖန်တီးထားသော လက်နတ်တစ်မျိုးပင် ဖြစ်တော့သည်။
"ကျွန်တော် နောက်ဆုံးပြောနိုင်တာက အမဟာ
ကျွန်တော်ချစ်ခဲ့တဲ့ နှင်းဝင့်ရည်ဆိုတာကို ကျွန်တော်ဘယ်လိုမှ လက်ခံပေးလို့မရပါဘူး" သူရဲ့စကားအဆုံးမှာ သူမမျတ်ဝန်းထဲက မျတ်ရည်တွေ ရွာသွန်းဖြိုးလာတော့သည်။ အဲဒီမျတ်ရည်တွေပဲပေါ့ သူကိုရူးအောင်ပြုစားခဲ့ ကြတာ။မျတ်ရည်တွေ သူ့နှလုံးသားကို မွန်းကျပ်ပိတ်ဆို့ နေစေသလား။သူမ သူကို နာကျင်မျတ်လုံးတွေနဲ့ စိမ်းစိမ်းကြည့်တယ်။
ပြီးတော့ "နင်ကို ငါစိတ်နာသွားပြီ သိလား"တဲ့ သူဦးခေါ်င်းထဲကို မိုးကြိုးပစ်ချလိုက်သလိုပါပဲ။
သူမခြေလှမ်းတွေ ဘယ်တော့မှ နောက်ပြနိလှည့်မလာတော့ဘူး။အဲဒီအခါကျမဇ သူမျတ်ဝန်းထောင့်က မျတ်ရည်တို့ ယိုစီးဖိတ်ကျလာရတယ်။ ဒါပါပဲ။ စကားလုံးတို့ဟာ လက်ဆတ်နေလိမ့်မယ်ဆိုတာ နားလည်ခဲ့ပြီးသားပါကွယ်။

No comments:
Post a Comment
ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်