သူပြောခဲ့သလိုပဲ။ သူဟာအရူးတစ်ယောက်ပေါ့။ကော်ဖီဆိုင် အတွင်း
မျတ်ရည်မိုးတွေ ရွာသွန်းဖြိုးနေသော သူ့ကို လူအားလုံးက အရူးသဖွယ် ဝိုင်းကြည့်ခဲ့ကြလေပြီ။ကိုဦးတစ်ယောက်သာ သူကို စာနာ နားလည်နိုင်
သောအကြည့်ဖြင့် ဖြေသိမ့်ပေးခဲ့သည်။
"မိုးစက် သူငယ်ချင်း ပြန်ကြရအောင်
မင်းဆေးရုံတတ်ရမယ့် အချိန်ကျော်နေပြီ
ဆရာဝန်တွေ စိတ်ပူနေလိမ့်မယ်"
သူသည် စို့နင့်နေသော လေသံဖြင့်
"ခဏလေးပါ သူငယ်ချင်းရာ
ဒီအမှတ်တရတွေကို ငါ့ရင်ဘတ်ထဲမှာ စိုက်ပျိုးပါရစေဦးကွာ။"
သူလို လူလောကကို ကျောခိုင်းထွက်သွားမယ့် လူတစ်ယောက်အတွတ်
မကို သံယောဇဉ် တို့လို့တွဲလောင်းတွေနဲ့ ဒီထက်ပိုပြီး မခံစားစေချင်ပါ
ဘူး မရယ်။မပြောခဲ့တဲ့စကားလိုပေါ့...။
"သိပ်အံသြဖို့ ကောင်းတယ်နော်"
မသိပါစေတော့။ကျွန်တော်မှာ အတိတ်တွေပဲ ပိုင်ဆိုင်ခွင့်ရှိတယ်ဆိုတာ။(ပြီးပါပြီ)
. 4:20pm
Oct30.2011
Minsetwai
posted from Bloggeroid
ဒီဇတ်လမ်းထဲမှာ အဖြစ်မှန်နည်းနည်းပါတယ်။
ReplyDelete