Saturday, May 21, 2016

နှံ​ကောင်​တစ်​​ကောင်​ရဲ့ပစ္စူပ္ပန်​(L)

နှံ​ကောင်​တစ်​​ကောင်​ရဲ့ပစ္စူပ္ပန်​(L)
(L)
နှစ်​ချို့​နေတဲ့ သံသယ​တွေနဲ့အတူ ​ကောင်​မ​လေးဟာ ​ကောင်း​လေးကို ယုံဖို့ခဲယဉ်း
နေဆဲပဲ။ကောင်​​လေးကလည်း အရင်​ကမိုက်​ပြစ်​​တွေ ရှိ​နေတာ​ကြောင့်​ ဘယ်​သူ့ဆီကမှ စစ်​ကူ​တောင်းမရခဲ့ပါဘူး။ဒီမှာ ပြဿနာဖြစ်​​စေခဲ့တာက ငါရဲ့ဇတ်​​ကောင်​ ​ကောင်​​လေးဟာ ဟန်​မ​ဆောင်​ချင်​တဲ့​ကောင်​ပါ။
အရှိကိုအရှိအတိုင်း ​ပြောရဲတဲ့​ကောင်​ပါ။ဒါ​ပေ
မယ့်​ ငါက ​ကောင်​​လေးကို ဟန်​​ဆောင်​ခိုင်း
ခဲ့တယ်​။ဒါကလည်း ဒီ​ကောင်​ ​ကောင်​မ​လေးအ​ပေါ် နာကျည်းပြီး​မေ့သွား
စေချင်​တဲ့ ​စေတနာနဲ့ပါ။ငါက ​ကောင်​​လေးရဲ့ ရင်​ဘတ်​ထဲကို နင်​မချစ်​မှ​တော့ ငါလည်းချစ်​မ​နေ​တော့ဘူးဟာ ဆိုတဲ့စိတ်​မျိုး တိတ်​တဆိတ်​ သွတ်​သွင်း​ပေးခဲ့တယ်​။ဒီလိုမှ ငါမလုပ်​ရင်​ ​ကောင်​​လေးဟာ ​ကောင်​မ​လေးကို ချစ်​​နေသမျှ ကာလပတ်​လုံး အရှုံးကြီး ရှုံ​နေ​တော့မှာမို့ပါ။ငါဟာ​ကောင်​​လေးရဲ့ရင်​ဘတ်​ကို သန့်​စင်​သွား​အောင်​လုပ်​​ပေးဖို့ တာဝန်​ရှိတယ်​မှတ်​လား။ဘာလို့ဆို ​ကောင်​​လေးဟာ ငါ့ဇတ်​​ကောင်​ဖြစ်​​နေလို့​ပေါ့။

posted from Bloggeroid

No comments:

Post a Comment

ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်