(M)
နှံကောင်တစ်ကောင်ရဲ့ပစ္စူပ္ပန်(M)
ကောင်လေး၏ ရင်ထဲမှအသံ
ကောင်မလေးရေ..ဝေးခဲ့တယ်ဆိုတာထက်..ငါတို့ပိုဝေးခဲ့ပြီပေါ့နော်...ငါကိုယ်တိုင်ကိုက နင်နဲ့ ပတ်သတ်လာရင် တစ်စုံတစ်ရာပျောက်ရှနေသူ
လို..ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိခဲ့။အဲလိုနဲ့..
ငါ့ရင်ဘတ်ပေါ် နှင်းမှုန်တွေ ကြွေခဲ့တယ် ..။
ကောင်မလေးရေ....ငါတို့ ဟန်ဆောင်ပြီး ရန်ဖြစ်ခဲ့ကြလို့ပဲဖြစ်ဖြစ်ဟာ..အခု ငါတို့ ဟန်မဆောင်ဘဲ ..အမှန်တရားအကြောင်းပြော
ရအောင် ..နင်ရင်ဘတ်ထဲမှာ ငါရှိပေမယ့်..နင်ဦးနှောက်ထဲမှာတော့..ငါမရှိခဲ့ဘူးဟာ..။နင့်မျတ်လုံးထဲမှာ ငါရှိပေမယ့် နင့်စကားတိုင်းမှာ ငါ မပါခဲ့ဘူးဟာ..။အဲလိုနဲ့ပဲ..
တို့နှစ်ယောက်ဟာ ပဟေဠိဝှတ်လို့ နှာခေါ်င်းရှုံ
နေခဲ့ကြတာ။တစ်ခုပဲ ငါ..သေသေချာချာသိတော့တယ်..။ငါ...နင်ကို ..အရမ်းချစ်တယ်ဟာ...။ဒါနဲ့..ငါပြောပါစေဦး..
နင်ကင်ပွန်းတပ်ထားတဲ့ ဒီအရူးဟာ..နင့်ကို သေလောက်အောင် မြတ်နိုးတယ်လို့..။

posted from Bloggeroid
No comments:
Post a Comment
ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်