Tuesday, July 12, 2016
နှံကောင်တစ်ကောင်ရဲ့ပစ္စူပ္ပန်(o)
နှံကောင်တစ်ကောင်ရဲ့ပစ္စူပ္ပန်(o)
(O)
ကောင်လေရဲ့နားထဲမှာ ကောင်မလေးရဲ့ နာ
ကျည်းစကားသံတွေဟာပဲတင့်ထပ်နေခဲ့တယ်။
ငါ့အတွတ်ကတော့...ဘာကိုဦးစားပေးပြီး ဘယ်လိုပုံစံရှေ့ဆက်ရေးရမှန်းတောင်
မသိတော့လောက်အောင်ပါပဲ..။
ငါ့ရင်ထဲမှာ ရှိတဲ့ အမှန်တရားအတိုင်းဆို
ကောင်လေးကို ကောင်မလေးနဲ့ တစ်ကယ်နီးစပ် စေချင်ခဲ့တာ
ပါ။ဒါပေမယ့် ကောင်မလေးဟာ ငါပုံသွင်းလို့ရ
တဲ့ ငါ့ဇတ်ကောင်မှမဟုတ်တာ။ကောင်မလေး
ဟာ ငါ့အတွေးထဲက ငါ့ဇတ်ရုပ်မဟုတ်ဘူးလေ။
အပြင်ပန်းက သူ့ရဲ့ပုံရိပ်လေးကို ငါ့သဘောကျ
လို့ ငါ့ဇတ်ညွှန်းထဲ ဆွဲထည့်ခဲ့တာပဲ ရှိတာပါ။
သူကို ငါမပိုင်ဆိုင်ပါဘူး။
ငါ့ပိုင်ဆိုင်တာက ငါ့ရဲ့ ကောင်လေးပါပဲ။
အခုတော့ အတ္တတွေ ထုံကျစ်ပြီး ငါ့ဇတ်ညွှန်းဟာ အမှားကြီး မှားနေသလို
၊မာနတွေခဝါမြှင့်ပြီး လမ်းကြောင်းအမှားကို လျှောတ်သွားခဲ့ကြပြီ။
တကယ်က ငါပဲမှားခဲ့တာပါလေ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်