Tuesday, October 4, 2016

နှံကောင်တစ်ကောင်ရဲ့ ပစ္စူပ္ပန်(P)

(P) ဒါပေမယ့်လည်း နောက်ဆုံးကြိုးစားမူအနေနဲ့ ပေါ့ ကောင်လေးဟာ ကောင်မလေးရဲ့ အိမ်ပြန်ချိန်မှာတွဲလွဲခိုခဲ့တယ်။မြို့တော်ခန်းမရဲ့ ဟိုဘက်တစ်ဖက်ကပလတ်ဖောင်းပေါ်မှာပေါ့။ ကောင်မလေးရဲ့အသံက တကယ်ကိုရှင်း ရှင်းလေးပဲ။ငါ့နားနဲ့တောင် ဆက်ဆက်ကြား ခဲ့တယ်။နင် ငါ့နောက်ကိုမလိုက်ခဲ့နဲ့တဲ့။ညနေ ခင်း အမုန်းရဲ့ကျိန်စာတွေကတော့ ကောင်လေး တစ်ယောက်ငိုပွဲကျင်းပဖို့ လက်ခုတ်တီးပြနေ သလိုပါပဲ။အဲဒီအချိန်မှာ ခံစားမူအားကောင်း အောင် သီချင်းတစ်ပုဒ်ကို ဇတ်လမ်းထဲ ငါဆွဲ ထည့်ပေးလိုက်တယ်။(မင်းအနားမှာ.. အမြဲနေချင်တယ်..ပုံရိပ်လေးပဲတမ်းတဆဲ. .သူငယ်ချင်းလို့ပြောနေပေမယ့်...ငါ့ရင်ထဲက.. ချစ်နေခဲ့..။အဆိုးဆုံးတွေကိုလည်း..မြင်နေ တယ်..ဝေးရမှာ..ကြိုသိတဲ့ငါ့ရင်ထဲ..သူငယ်ချင်းလို့ပြောနေပေမယ့်...ငါ့ရင်ထဲကချစ်နေဆဲ။) အရမ်းကြေကွဲ..ဆွေးမြေ့စွာနဲ့..ဘယ်လို လွမ်းဆွတ်မူမျိုးလဲ ကောင်မလေးရယ်။

No comments:

Post a Comment

ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်