Sunday, October 16, 2016

မင်းဆက်​​ဝေ-အရူးတစ်​​ယောက်​၏ကဗျာများ(4)
အိပ်​ယာဟာကျွန်​​တော်


အ​တွေး​တွေဟာ စိတ်​ညစ်​လိုက်​ ​ပျော်​ရွှင်​လိုက်​နဲ့ အိပ်​ယာထဲလဲ​နေတယ်
အ​ဖော်​က န​ဖော်​က​လော်​တစ်​​ချောင်းရယ်​ ၊ဇာဂနာရယ်
ဟိုဘယ်​လှိမ့်​လိုက်​၊ ဒီဘက်​လှိမ့်​လိုက်​ဟာ ဘယ့်​နှစ်​နာရီရှိပြီလဲ
စိတ်​ကူးကိုလည်း ​ရေချိုး​ပေးရဦးမယ်
ဆရာ​မောင်​ထင်​ရဲ့ ကမ္ဘာ.စာ​ပေအညွှန်းနဲ့
ရှေး​ဟောင်းထဲတိုးဝင်​နစ်​မြှပ်​​နေမိ
အိပ်​ယာဟာ သူမတူစွာ​တွေး​နေတယ်​။ သူမတူပုံများ။
သ​င်္ကေတကလည်း သ​င်္ကေတ၊ဘာသာစကားကလည်း ဘာသာစကား
နရီ၊နမိတ်​၊န​ဘေ၊ကာရံ၊ကာရံလွတ်​၊ကာရံမလွတ်​တလွတ်
ဒါ​ပေမယ့်​ အားလုံးဟာကဗျာဆရာဖြစ်​တယ်
အိပ်​ယာဟာလည်း ကဗျာဆရာ ဖြစ်​တယ်
အခန်းထဲမှာ ​အော်​မြည်​​နေတဲ့ အိမ်​​မြှောင်​ဟာလည်း
(ကဗျာဆရာ ဖြစ်​တယ်​။)
အဲလိုနဲ့ ​ဆေးလိပ်​လည်း တိုတိုသွားတယ်
စာရွက်​​တွေလည်း ကုန်​ကုန်​သွားတယ်​။
Sep8.2016
Minsetwai

No comments:

Post a Comment

ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်