Saturday, October 22, 2016

အိန္ဒိယပြည်​မှ​မှော်

အိန္ဒိယပြည်​မှ​မှော်
အိန္ဒိယဂန္ဓာရီပညာတွင်​ယျာဈနဝိဇ္ဇာ၊မန္တရဝိဇ္ဇာ၊ဂန္ဓာရီဝိဇ္ဇာနှင့်​မဟာဂန္ဓာရီဝိဇ္ဇာဟူပြီး၎မျိုးခွဲခါးထားသည်​။ယျာဈနဝိဇ္ဇာသည်​သက္ကတ​ဝေါဟာရဖြင့်​ယဇ်​ပူ​ဇော်​ခြင်းဟု အဓိပ္ပါယ်​ထွက်​​လေသည်​။ယင်း၏နည်းလမ်းများမှာ အစီအရင်​ပွဲများကျင်းပခြင်း၊ယဇ်​ပူ​ဇော်​ခြင်း၊ပရ​လောကမှစ နာနာဘဝနှင့်​နတ်​တို့၏အကူအညီများဖြင့်​သိဒ္ဓိရယူခြင်းတို့ပင်​ဖြစ်​သည်​။ထို​ကြောင့်​ဓာတ်​ရိုက်​ဓာတ်​ဆင်​ခြင်း၊ယတြာပြုခြင်း၊နတ်​ပင့်​နတ်​ကိုးကွယ်​ခြင်း၊နာနာဘဝများကို​မွေးခြင်း၊​အောက်​လမ်းပညာ၊အင်းပညာစ​သော ရုပ်​ဝထ္ထူအစီအရင်​များနှင့်​ပရ​လောကသားများကို အားကိုး၍တန်​ခိုးရရှိ​အောင်​ပြုလုပ်​ခြင်းတို့မှာ ယျာဈနဝိဇ္ဇာပညာဟု​ခေါ်​လေသည်​။မန္တရဝိဇ္ဇာကမူ မန္တာန်​များကိုရွတ်​ဖတ်​သရဇ္ဈာယ်​ခြင်းဖြင့်​မန္တန်​​စောင့်​နတ်​များ၏အကူအညီကိုရယူခြင်းပင်​ဖြစ်​သည်​။ဂန္ဓာရီဝိဇ္ဇာမှာ စိတ်​တန်​ခိုးရရှိ​ရေးအတွတ်​ ကျင့်​ကြံအားထုတ်​ပြီး​နောက်​ထိုစိတ်​တန်​ခိုးဖြင့်​အကြားအမြင်​​ပေါ်က်​ခြင်း၊ပရ​လောကနှင့်​ဆက်​သွယ်​နိုင်​ခြင်းတို့ပင်​ဖြစ်​သည်​။မဟာဂန္ဓာရီဝိဇ္ဇာကမူ ဘာသာ​ရေးသက်​သက်​သာ လိုက်​စားပြီးကျင့်​ကြံအားထုတ်​ ​ပေါ်က်​​မြောက်​လာသူများပင်​ဖြစ်​သည်​။

No comments:

Post a Comment

ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်