အီဂျစ်ပြည်မှမှော်
မတ်ဆိုပိုတေးနီးယားဒေသ၏ အနောက်တောင်ဘက် မိုင်၁၀၀၀မပြည့်သော အကွာအဝေးတွင် အီဂျစ်နိုင်ငံတော်ကြီး တည်ရှိသည်။တစ်ချိန်က ထိုအီဂျစ်နိုင်ငံတွင် မှော်ပညာ အလွန်မှထွန်းကားခဲ့သည်။အချို့ကလည်း အီဂျစ်တို့၏မှော်ပညာမှာ အစောဆုံးဖြစ်သည်ဟုလည်းဆိုကြသည်။
ထိုအီဂျစ်လူမျိုး
များသည် သေရမှာကြောက်သော အစွဲရှိသူများဖြစ်ရာ သေပြီးနောက်တွင် အေးချမ်းစွာနေထိုင်နိုင်ရန် မှော်ပညာကို အသုံးချခဲ့ကြသည်။ဘီစီ၃၀၀၀ခန့်က အီဂျစ်ပြည်တွင် ဇိုဇာ(Zoser)အမည်ရှိ ဘုရင်ကြီး စိုးစံခဲ့ရာ ထိုဘုရင်သည် မြို့တော်ကြီး၏ အလယ်တည့်တည့်တွင် သူကွယ်လွန်သောအခါ မြှပ်နှံမည့် ဧရာမဂူသချိုင်းကြီး(ပီရမစ်ကြီး)ဆောက်လုပ်ခဲ့သည်။ထိုပိရမစ်မှာ အစောဆုံး ပိရမစ်ကြီးပင်ဖြစ်သည်။ထိုပိရမစ်အား အမြင့်မြတ်ဆုံးနေရာများထဲမှတစ်ခုဖြစ်သည်ဟု ရှေးဟောင်းသုတေသနပညာရှင်များက သတ်မှတ်ထားကြသည်။ထိုအီဂျစ်ပြည်ရှိ ပိရမစ်များနှင့်ဂူသချိုင်းများသည်တစ်နည်းအားဖြင့်ဘာသာရေး အဆောက်အအုံကြီးများလည်းဖြစ်သည်။ထိုပိရမစ်များ၏ ဂူနံရံများတွင် အီဂျစ်တို့၏
ဘဝကူးပြောင်းပုံ ရုပ်ပုံများ ရေးဆွဲထားကြ
သည်။ယင်းမှာ သေဆုံးခြင်းရှိသော်လည်း ဘဝဆက်သွား၍ ခန္ဓာကိုယ်နှင့်ရုပ် ဆက်လက်ပြီး ဘဝသစ်တွင် တည်ရှိသွားသည်ဟု ယုံကြည်ကြသည်။ထိုကြောင့် ယင်းတို့သည် သေသူ၏ရုပ်ကလာပ်ကို ဆေးစီရင်၍ ကျပ်စည်းလေ့ရှိကြသည်။ထိုနောက် သေသူပိုင်ဆိုင်သော အဖိုးတန်ပစ္စည်းများကို သေဆုံးသူ၏ဂူထဲတွင် ထည့်သွင်းမြှပ်နှံကြသည်။ထိုသို့ဖြင့် သေဆုံးသူသည် တမလွန်ဘဝတွင် သုံးစွဲနိုင်သည်ဟု ယုံကြည်ထားကြသည်။ထိုအတူ ဘီစီ၂၀၀၀ခန့်တွင်လည်း အီဂျစ်တို့သည်သေဆုံးသူ၏ ဂူအတွင်းသို့ စစ်သည်တော်ပုံတူ ရုပ်တုငယ်များ ထည့်သွင်းခဲ့ကြပြန်သည်။ထိုထည့်သွင်းထားသော ရုပ်တုများကို ဂါထာ၊မန္တရားတို့ဖြင့် အသက်သွင်းထားပြီး ယင်းရုပ်တုငယ်များသည် သေဆုံးသူအား နောင်ဘဝထိလိုက်လံစောင့်ရှောက်ပေးသည်ဟူ၏။အီဂျစ်လူမျိုးများသည် လှေဖြင့် အနောက်အရပ်သို့ လှော်ခပ်သွားရသည်ဟု ယူဆကြသည်။ထိုသို့လှော်ခပ်သွားလျှင် အိုစီရစ်အမည်ရှိ ဘုရားသခင်ထံသို့် ရောက်ရှိပြီး ဘုရားက နောင်ဘဝအတွတ်ဆုပေးဒဏ်ပေးလုပ်သည်ဟု ဆိုကြသည်။ယင်းနောင်ဘဝနှင့်ပတ်သတ်ပြီး အီဂျစ်တို့၏ မရဏကျမ်းမှာအရေးပါသောကျမ်းစာအုပ်ဖြစ်ခဲ့သည်။ထိုကျမ်းစာအုပ်တွင်ဖော်ပြထားချက်များအရ လူသေသောအခါ ဝိညာဉ်သည်တမလွန်လောကသို့သွားရာ၌ လမ်းခရီးတွင်တွေ့ရမည်ဖြစ်သော အခက်အခဲများ၊အနှောင့်အယှတ်များကို မည်သို့မည်ပုံကျော်လွန်ရမည့်အကြောင်းများပင်ဖြစ်သည်။
အီဂျစ်တို့သည် ဟယ်လင်နစ်ခေတ်ကဆိုလျှင် ဂျူးတို့၏ မှော်ပညာကို အထွတ်အမြတ်ထားခဲ့ကြသည်။ယင်းနှင့်ပတ်သတ်ပြီး အိပ်ဇိုဒပ်အမည်ရှိ ဟီဘရူးကျမ်းတွင်ဖော်ပြထားသည်မှာ မိုဇက်နှင့်အေရွန်သည် အီဂျစ်မှ ဖာရိုဘုရင်၏မှော်ပညာများကို အောင်နိုင်ခဲ့ကြသည်ဟု ဆိုသည်။ထိုအချိန်က မိုးဇက်သည် မှော်အတတ်နှင့်နက္ခတ္တဗေဒ ပညာရပ်များကို သင်ကြားတတ်မြောက်ပြီးသားဖြစ်ကာ ဆော်လမွန်မှာမူ ကျိန်စာနှင့်ကဝေပညာဆိုင်ရာ နည်းပညာကျမ်းများကို ရေးသားသူအဖြစ် ကျော်ကြားခဲ့ချေသည်။

No comments:
Post a Comment
ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်