Saturday, November 12, 2016

ညကိုသိပ်ခြင်း

အရူးတစ်ယောက်၏ကဗျာများ(၁၈)
ညကိုသိပ်ခြင်း

(၁)ညက ကြွက်ချေးနံ နံနေတယ်
ရွံစရာဟာ ကဗျာတစ်ပုဒ်ဖြစ်နေလို့
ငါ့ကိုယ်ငါ မသတီတယ်။
(၂)လက ညဆီလာတွေ့မလိုဘဲ
ငါအပြင်မထွက်တော့
လ လည်း အပြင်မထွက်တော့
စာသားတွေကတော့ တိတ်တိတ်လေးတံခါးလာခေါ်က်တယ်။
(၃)အရက်သမား အသံများနဲ့ည
အရက်တို့နဲ့ အရက်တို့နဲ့ပျော်ပိုက်မူးရူးကြ
ညဟာ... တုန်ရီခြောက်ခြားနေတယ်။
(၄)အိပ်သောသူများ ကျန်းမာကြပါစေ
နာရီက ၂ ချက်တီးလို့ အချက်ပြ
ဟော့ဒီဇတ်က ရင်နာစရာတော့ မဟုတ်ခဲ့ပါဘူးကွယ်။
(၅)နောက်ဆုံးတော့လည်း
ကဗျာဆရာဟာ...
ညကို သူ့ကလေးအောက်မေ့လို့
ကျောပြင်ပွတ်သပ် ကျီစယ်နမ်းလျှက်နဲ့ပဲ
မိုးမလင်းခင်...သိပ်ခဲ့တယ်။
Sep9.2011
Minsetwai

No comments:

Post a Comment

ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်