အရုပ်ဖြင့်စီရင်ခြင်း
အရုပ်ဖြင့်စီရင်ခြင်းမှာ ပုံတူပြုလုပ်စီရင်ခြင်း တစ်မျိုးပင် ဖြစ်သည်။တောင်အာဖရိကရှိ အိုဂျီဘွေ (Ojibway)အင်ဒီယန် လူမျိုးစုများသည် သစ်သားရုပ်ငယ် တစ်ခုကိုပြုလုပ်ပြီး ဦးခေါ်င်းနှင့်နှလုံးနေရာများတွင် အပ်များဖြင့်ထိုးစိုက်၍သော် လည်းကောင်း၊မြှားဦးချွန်များဖြင့် ထိုးစိုက်၍သောလည်းကောင်း ပြုလုပ်ခြင်းအားဖြင့် ရန်သူမှာ ပြင်းထန်စွာ နာကျင်ဝေဒနာခံစားရ
သည်ဟု ယုံကြည်ထားကြသည်။ယင်းတို့သည် ထိုအစီအစဉ်ကို ပြုလုပ်နေစဉ်အတွင်း ဂါထာမန္တန်များ ရွတ်ဖတ်ပူဇော်ကြသည်။
ထိုအတူ အရုပ်တစ်ခုကို ပညာဖြင့် စီရင်ခိုင်းစေခြင်းလည်း ရှိပြန်
သည်။ထိုအရုပ်ကို အသက်သွင်းတော့မည်ဆိုလျှင် လူတစ်
ယောက်ဆီမှ ဝိညာဉ်အား နူတ်ယူပြီး ထည့်ရသည်။သု့သော် အချိန်
အကန့်အသတ်ရှိပေသည်။ခိုင်းချင်သော ကိစ္စပြီးလျှင် အရုပ်ခန္ဓာထဲမှ ဝိညာဉ်ကို ချက်ချင်းပြန်ထုတ်ပြီး လူခန္ဓာထဲသို့ ပြန်ထည့်ပေးရသည်။အကယ်၍ ထိုအချိန် အသက်သွင်းထားသော အရုပ် သေဆုံးသွားခဲ့လျှင် ဝိညာဉ်ထုတ်ထားသောလူမှာလည်း သေဆုံးရလေသည်။ထိုအတူ
ဂျပန်နိုင်ငံ အိုင်နို (Aino)လူမျိုးများသည်လည်း ယင်းတို့၏ ဒေသတွင် ပေါ်က်ရောက်သော Mugwart ခေါ် ဆေးဖက်ဝင် အပင်တစ်မျိုး (သို့)နှင်းဆီရိုင်းပင် တစ်မျိုး ဖြင့် ရန်သူ၏ပုံကို တူနိုင်
သမျှတူအောင် အရုပ်ပုံစံ ပြုလုပ်ပြီး တွင်းတစ်ခု အတွင်းဝယ် ဇောက်ထိုးမြှပ်ခြင်း ၊အပင်အို ၊အပင်ဆွေးကြီးများ၏ ပင်စည်ထဲတွင် ဇောက်ထိုးမြှပ်ခြင်းများ ပြုလုပ်ကြသည်။ထိုသို့ပြု
လုပ်စဉ်အတွင်း ရန်သူ၏ဝိညာဉ်ကို မကောင်းဆိုးဝါးများက လာရောက်နူတ်ယူစေရန် (သို့) ရန်သူ၏ခန္ဓာအား သစ်ပင်ကဲ့သို့ ဆွေးမြေ့သေဆုံးသွားစေရန် ဆုတောင်းရွတ်ဖတ်ကြသည်။ထိုကဲ့
သို့အရုပ် အစီအရင်များကို ဟေတီကျွန်းတွင်လည်း တွေ့ရှိနိုင်ပေ
သည်။

No comments:
Post a Comment
ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်