ဖုတ်သွင်းခြင်း
ဖုတ်နှင့်ပတ်သတ်ပြီး ရောမနှင့်ဂရိတို့တွင်ယုံကြည်ချက်တစ်ခုရှိသည်။ယင်းမှာ စုန်းများနှင့်မှော်ဆရာများသေဆုံးလျှင် သွေးစုတ်ဖုတ်ကောင်ဖြစ်သွား တတ်ကြသည်ဟူ၏။ယင်းမှာဖုတ်သွင်းခံရသောကြောင့်ဖုတ်ဖြစ်သွားခြင်းမျိုးအစစ်အမှန်မဟုတ်သေးပေ။ယခုဖော်ပြမည်မှာ ဖုတ်သွင်းခံရသောကြောင့် ဖုတ်ဖြစ်ခြင်းပင်ဖြစ်သည်။အမှန်စင်စစ် မှော်နှင့်ဆိုင်သော လောကီပညာရပ်တွင်ဇိုဘီခေါ် ဖုတ်သွင်းခြင်းမှာ ကြောက်စရာအကောင်းဆုံးသောအရာပင်ဖြစ်သည်။ဖုတ်သွင်းခြင်းဟူသည်မှာ အလောင်းတစ်လောင်းကို အသိညဏ်ကင်းမဲ့သောကျွန်အဖြစ် မွေးမြူခြင်းပင်ဖြစ်သည်။သို့ဖြစ်ရာ ထိုလုပ်ရပ်သည် အလွန်တစ်ရာမှ ယုတ်ညံသောအမူဟု ခေါ်ဆိုနိုင်ပေသည်။ထိုကြောင့်အထက်ဂိုဏ်းဆရာတို့က လူသေလျှင် ဖုတ်သွင်းခြင်းမပြုလုပ်နိုင်ရန်အလောင်းကိုအဆိပ်ကျွေးခြင်း၊အလောင်းနှင့်အတူ ဓားတစ်လတ်ရော၍မြှပ်နှံခြင်းနှင့် အမည်ခေါ်နိုးသောအခါ မထူးနိုင်စေရန် ပါးစပ်ကိုပိတ်ချုပ်ခြင်းများပြုလုပ်တတ်ကြခြင်းဖြစ်သည်။ထိုသို့ပြုလုပ်ရခြင်းမှာလည်း ဖုတ်သွင်းခြင်းနှင့်ပတ်သတ်ပြီး ကျော်ကြားသောရာဇဝင်များစွာ ရှိခဲ့သောကြောင့်ပင်ဖြစ်သည်။ရာဇဝင်တစ်ခုကို ဖော်ပြရလျှင် လွန်လေပြီးသော အချိန်ကာလတစ်ခုက သိရိလင်္ဏာနိုင်ငံတွင် ပြည်တွင်းသူပုန်များ သောင်းကျန်းမူကြောင့် လူအများအပြားသေဆုံးခဲ့ကြရသည်။လူတို့သည် ထိုလူသေတို့ကို သူပုန်ရန်ကြောင့်အပြင်မထုတ်ရဲဘဲရှိရာ တွေ့ရာနေရာမှာပင် အလွယ်တကူမြှပ်နှံခဲ့ကြသည်။ထိုသို့မြှပ်နှံခဲ့ကြရာ အချိန်ကြာလာသောအခါ မြေပြင်ဘယ်နေရာကိုတူးတူး လူသေအလောင်းချည်းများသာ ဖြစ်လာလေသည်။ထိုကြောင့်နောက်ထပ်သေဆုံးသူများကို မြှပ်စရာနေရာ
မရှိတော့ပေ။အပြင်သို့ သယ်ယူသွားလျှင်လည်း သူပုန်များ၏ရန်ကရှိသောကြောင့် လောကီဆရာတို့သည်လူသေအလောင်းကို ဖုတ်ပြန်သွင်းပြီး ထိုဖုတ်ကောင်ကို ကမ်းနားသို့သွားခိုင်းလေသည်။ထိုသို့သွားခိုင်းရာတွင် ဖုတ်ကောင်၏ပါးစပ်ထဲသို့ တစ်မတ်စေ့ထည့်ပေးလိုက်ပြီး လူအရှင်များနှင့်ကွဲပါးစေရန်အဝတ်အစားများကို ပြောင်းပြန်ဝတ်ဆင်စေကာ ခေါ်င်းတွင်ခေါ်င်ရမ်းပန်းပန်ပေးလိုက်သည်။ထိုနောက် ဖုတ်ကောင်သည် မိမိခန္ဓာကိုမိမိသယ်ပြီး ကမ်းနားသို့ရောက်လျှင် အသင့်စောင့်နေသော ကူးတို့သမားက လှေပေါ်သို့ ဆွဲတင်ပြီး မြစ်လယ်သို့ခေါ်ဆောင်သွားသည်။မြစ်လယ်သို့ရောက်လျှင် ကူးတို့သမားသည်ဖုတ်ကိုထုတ်ကာ ပါးစပ်ထဲမှမတ်စေ့ကိုနိုက်ယူပြီး အလောင်းကိုရေထဲမျောလေတော့သည်။ထိုကဲ့သို့သေသူကို ဖုတ်သွင်းသောဓလေ့သည်နေရာဒေသအတော်များများတွင် တည်ရှိခဲ့သည်။ရှေးအခါက တိုင်းရင်းသားနွားကုန်သည်တို့သည် စုပေါ်င်း၍ အနယ်နယ်အရပ်ရပ်သို့ နွားများ လိုက်လံရောင်းချရာ အဖွဲ့ဝင်တစ်ဦးဦးသေဆုံးပါက ထိုသေဆုံးသူကို သေဆုံးရာအရပ်တွင် သဂြိုလ်ခြင်းမပြုကြပေ။သေဆုံးသူကို မိမိနေရပ်သို့ ဖုတ်ပြန်သွင်းပြီး ခေါ်ဆောင်လာတတ်ကြသည်။ထိုသို့ခေါ်ဆောင်လာစဉ်ထမင်းစားချိန်၌ ဖုတ်သွင်းထားသူကို သီးခြားကျွေးရလေသည်။ထိုသို့ဖြင့် နေရပ်သို့ရောက်လျှင် ဖုတ်ကိုထုတ်ပြီး သဂြိုလ်ကြလေသည်။

No comments:
Post a Comment
ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်